PSM (News) ဩဂုတ် ၂၄၊၂၀၂၆ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့အတွင်း လုပ်ဆောင်ခဲ့ကြသည့် နိုင်ငံရေး ဆန္ဒပြမှုများနှင့် နိုင်ငံရေးဆိုင်ရာ ထင်မြင်ယူဆချက် ထုတ်ဖော်မှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်သည့် Peaceful Society Promotion Act 2026 ကို တော်ဝင်ပြန်တမ်း (The Royal Gazette) တွင် တနင်္ဂနွေနေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ ဥပဒေသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ အသက်ဝင်မည်ဖြစ်ပါသည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျင့်ပျက်ခြစားမှုနှင့် တာဝန်ဝတ္တရား အလွဲသုံးစားလုပ်မှုများ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁၂ အရ ပြစ်မှုများနှင့်၊ ပုဒ်မ ၂၉၇ အရ သေဆုံးစေရန် သို့မဟုတ် ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့မှုများအပြင် သီးသန့်ပုဂ္ဂိုလ်ရေးဆိုင်ရာ တောင်းဆိုမှုများကိုမူ ချွင်းချက်အနေဖြင့် ထည့်သွင်းထားခြင်း မရှိကြောင်း သိရပါသည်။ ယင်းဥပဒေ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် ဝန်ကြီးချုပ် သို့မဟုတ် ၎င်းက တာဝန်ပေးအပ်ထားသော ဒုတိယဝန်ကြီးချုပ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အဖွဲ့ဝင် (၉) ဦးပါဝင်သော “ငြိမ်းချမ်းသော လူ့အဘောင်အဖွဲ့အစည်း မြှင့်တင်ရေး ကော်မတီ” ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ အဆိုပါကော်မတီသည် ဥပဒေစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ပထမဆုံးအကြိမ် အစည်းအဝေးကို ကျင်းပရမည် ဖြစ်ပါသည်။ ကိုးကား-Khaosod Post navigation ယူကရိန်း၏ မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့များက ခြောက်ရက်အတွင်း သိမ်းပိုက်ခံ ခရိုင်းမီးယားနှင့် တောင်ပိုင်းဒေသများရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ၂၇ ခုကို တိုက်ခိုက်ခဲ့ ပါကစ္စတန် စစ်ဦးစီးချုပ် တီဟီရန်မြို့သို့ တနင်္လာနေ့တွင် သွားရောက်မည်