PSM (News) ဩဂုတ် ၂၃၊၂၀၂၆ ဘူဆန်ဆိပ်ကမ်းကို ကမ္ဘာ့ရေကြောင်းဗဟိုချက်တစ်ခုအဖြစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အာတိတ်ပင်လယ်ရေကြောင်းမှတစ်ဆင့် ဥရောပသို့ သွားရောက်မည့် တောင်ကိုရီးယား၏ ပထမဆုံးသော စီးပွားဖြစ် စမ်းသပ်သင်္ဘော စနေနေ့တွင် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။ PanStar Acro ကွန်တိန်နာတင်သင်္ဘောသည် မြောက်ပိုင်းပင်လယ်ရေကြောင်း အတိုင်း ခရီးနှင်မည်ဖြစ်ပြီး ဗြိတိန်၊ နယ်သာလန်နှင့် ပိုလန်နိုင်ငံတို့တွင် ဝင်ရောက်ရပ်နားကာ ခရီးစဥ်မှာ ရက်ပေါင်း ၄၀ မှ ၄၅ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။ ဤလမ်းကြောင်းကြောင့် ခရီးသွားချိန် ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို အထီးကျန်ဖြစ်စေလိုသည့် အနောက်နိုင်ငံ မဟာမိတ်များနှင့်မူ ဤစီမံကိန်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသည်။ တောင်ကိုရီးယားအစိုးရက အာတိတ်ကို ၂၀၃၀ ပြည့်နှစ်တွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ် ဖော်ဆောင်ရန် မျှော်လင့်ထားသည်။ ကိုးကား-Reuters Post navigation ဩစတြေးလျနိုင်ငံတွင် ဆယ်ကျော်သက်များလူမှုကွန်ရက်သုံးစွဲမှုတားမြစ်ချက်အားလိုက်နာမှုမရှိသည့် ကုမ္ပဏီများအတွက် ဒဏ်ငွေကို နှစ်ဆတိုးမြှင့်လိုက် နီပေါ-တိဘက် နယ်စပ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၉ ဦးသေဆုံးပြီး ခရီးသွား ရာနှင့်ချီ ပျောက်ဆုံးနေ