PSM(News) ဧပြီ ၂၃၊ ၂၀၂၆ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အာဏာလုစစ်အုပ်စု ၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးအပါအဝင် သုံးဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)နှင့် လူ့ဘောင်သစ်တပ်မတော် (NSA) တို့ ပူးပေါင်း၍ ယမန်နေ့ ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးရှိ ကပစ-၁၄ စက်ရုံအတွင်းရှိ ကာကွယ်ရေးပစ္စည်း သိုလှောင်ရုံနှင့် ထုတ်လုပ်ရေးစက်ရုံနေရာများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စက်ရုံအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အာဏာလုစစ်အုပ်စုဘက်မှ အရာရှိ တစ် ဦးနှင့် အခြားအဆင့် နှစ်ဦး သေဆုံးကာ စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်အုပါ်စု၏တပ်ဖွဲ့ဝင်များမှာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ ကြသဖြင့် အချင်းချင်း ပြန်လည်လိုက်လံဖမ်းဆီးခဲ့ရသည့်အထိ ဖရိုဖရဲ ဖြစ်သွားကြောင်း CDF-Asho ၏ စစ်ရေးမှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် အာဏာလုစစ်အုပ်စု၏ ထောက်တိုင်များဖြစ်သည့် လက်နက်ထုတ်လုပ်ရေး စက်ရုံများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေခြင်းဖြစ်ပြီး၊ အဆိုပါ ငဖဲမြို့နယ်ရှိ ကပစ-၁၄ မှာ စစ်တပ်အတွက် လက်နက်နှင့် ကျည်ဆန်များ အဓိက ထုတ်လုပ်ပေးနေသည့် စက်ရုံတစ်ခု ဖြစ်သည်။ ယခုတိုက်ခိုက်မှုတွင် ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး အာ ဏာလုစစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ စစ်ရေးအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-CDF-Asho Post navigation သမ္မတ ဦးဝင်းမြင့် လွတ်မြောက်မှုကို ကနေဒါကြိုဆို၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတိုက်တွန်း နေပြည်တော်၏ ခံစစ်စည်း လယ်ဝေးရှိ ၄၁၁ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံး