PSM(NEWS)

ဧပြီ ၂၃၊ ၂၀၂၆

မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် အကျဉ်းသား ၄,၅၀ဝ ကျော် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် ကနေဒါနိုင်ငံက ကြိုဆိုလိုက်သည်။

တစ်ဆက်တည်းမှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန် ကနေဒါနိုင်ငံခြားရေးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ထို့အပြင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရရှိစေရေး အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲများမှတစ်ဆင့် ဖော်ဆောင်သွားရန်လည်း ကနေဒါနိုင်ငံက ဆက်လက်တိုက်တွန်းထားသည်။

ကိုးကား -ကနေဒါနိုင်ငံခြားရေးဌာန

By Htet Ko