PSM(News)

ဩဂုတ် ၂၀ ၊ ၂၀၂၆

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF) ခေါင်းဆောင်များသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ဂျပန်သတင်းမီဒီယာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး SCEF စုဖွဲ့မှု နောက်ခံအကြောင်းအရင်းများ၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပြင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်နှင့် ရည်မှန်း ချက်များကို SCEF ခေါင်းဆောင်များက အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အရေးပေါ် အခြေအနေများနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးတွင် SCEF ၏ ပါဝင်ဆောင်ရွက်မှု နိုင်ငံရေး အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဂျပန်သတင်းသမားများနှင့် မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် ရေးတွင် SCEF ၏ နိုင်ငံရေး အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဂျပန်မီဒီယာများနှင့် သတင်းသမားများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဂျပန်သတင်းမီဒီယာများနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ပိုမို လေးနက်စွာ နားလည်သိရှိနိုင်ရန်အတွက် အရေးပါသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့ကြောင်း NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – NUG Representative Office in Japan

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *