PSM (News) သြဂုတ် ၂၀ ၊၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆူရာဆပ်မွန်ထရီကျောင်း (Surasakmontree School) အပါအဝင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် ဗုဒ္ဓဟူးနေ့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သူကို တုံ့ပြန်ရေးလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြသည်။ ကျောင်းတွင် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ပတ်အကြာ လုံခြုံရေး အစီအမံများကို တိုးမြှင့်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ လေ့ကျင့်ခန်းအတွင်း ကျောင်းသားများသည် “ထွက်ပြေးရန်၊ ပုန်းခိုရန်၊ ပြန်လည်ခုခံရန်” နည်းလမ်းများကို လက်တွေ့လေ့ကျင့်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားအဖြစ် သရုပ်ဆောင်ကာ ဝင်ရောက်စမ်းသပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်းများသည် ပညာရေးဝန်ကြီး၏ ကျောင်းများတွင် လုံခြုံရေးအစီအမံများ ရေးဆွဲရန်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်ရန် ညွှန်ကြားချက်အပေါ် အခြေခံလုပ်ဆောင်ခြင်းဖြစ်သည်။ ကျောင်းများအနေဖြင့်လည်း သတ္တုရှာဖွေစက်များဖြင့် စစ်ဆေးခြင်းနှင့် နေ့စဉ်လုံခြုံရေးများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။ ကိုးကား- Reuters Post navigation ထိုင်ဝမ်လေဆိပ်၌ ဘိန်းဖြူ (၇၂) တောင့် ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသည့် ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ယခုနှစ်အတွင်း ထပ်မံတွေ့ဆုံရန် မျှော်လင့်ကြောင်း သမ္မတထရမ့် ပြောကြား