PSM(News)

ဧပြီ ၂၀၊ ၂၀၂၆

အာဏာလုစစ်အုပ်စု၏ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက ဗုံးသီးထောက်ပံ့ပေးနေသည့် မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) ကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရှော့တိုက်ဒုံးနှင့် ရော့ကက်များဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကပစ-၂၁ သည် အာဏာလုစစ်အစိုးရက ပြည်သူလူထုအပေါ် ဗုံးကြဲသတ်ဖြတ်ရာတွင် အသုံးပြုသည့် ပေါင် ၃၀၀၊ ၅၀၀ နှင့် ၁,၀၀၀ ဗုံးသီးများ၊ Cluster ဗုံးများနှင့် ဒရုန်းဗုံးသီးများကို အဓိကထုတ်လုပ်ပေးနေသည့် ထောက်တိုင်စက်ရုံတစ်ခု ဖြစ်သည်။

ထို့ကြောင့်မကွေးတိုင်း ပကဖအနေဖြင့် စစ်အုပ်စု၏ ထိုးစစ်နှင့် ခံစစ်များတွင် အဓိက အထောက်အပံ့ ဖြစ်နေသော ယင်းစက်ရုံကို ဖျက်ဆီးနိုင်ရန်နှင့် လေကြောင်းတိုက်ခိုက်မှုများ လျော့နည်းသွားစေရန် ရည်ရွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ လက်လုပ်ရော့ကက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖနှင့်အတူ လက်ရုံးတပ်များဖြစ်သော ဒရုန်းတပ်ဖွဲ့၊ Rocket Fighter အဖွဲ့၊ MGY 30 စစ်ကြောင်း၊ ဂန့်ဂေါခရိုင် ပကဖ၊ မင်းဘူးခရိုင် ပကဖနှင့် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

By Htet Ko

You missed