PSM(NEWS) ဧပြီ ၂၊ ၂၀၂၆ အီလွန်မတ်စ်၏ အာကာသနည်းပညာကုမ္ပဏီဖြစ်သော SpaceX သည် အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန်နှင့် စတော့ရှယ်ယာများ စတင်ရောင်းချရန် အတွက် အမေရိကန်အာဏာပိုင်များထံ လျှို့ဝှက်လျှောက်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဤလုပ်ဆောင်ချက်သည် ကမ္ဘာ့စတော့ဈေးကွက်သမိုင်းတွင် အကြီးမားဆုံး ရှယ်ယာထုတ်ရောင်းမှု ဖြစ်လာဖွယ်ရှိနေသည်။ SpaceX ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၇၅ ထရီလီယံအထိ သတ်မှတ်ထားပြီး၊ ၎င်းသည် အာကာသစူးစမ်းလေ့လာရေးလုပ်ငန်းကို စွန့်စားရသည့် လုပ်ငန်းတစ်ခုအဖြစ်မှ အဓိက ရင်းနှီးမြှုပ်နှံမှုကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲသွားစေသည့် အချက်ပြမှုလည်း ဖြစ်သည်။ ကုမ္ပဏီ၏ တိုးတက်မှုသည် ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများနှင့် Starlink ဂြိုဟ်တု အင်တာနက်ကွန်ရက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ အဆိုပါ ရှယ်ယာထုတ်ရောင်းမှုသည် SpaceX နှင့် မတ်စ်၏ ဉာဏ်ရည်တု (AI) လုပ်ငန်းစုဖြစ်သော xAI တို့ ပေါင်းစည်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့ ပေါင်းစည်းမှုအရ ဒုံးပျံကုမ္ပဏီအား ဒေါ်လာ ၁ ထရီလီယံနှင့် Grok chatbot ကို ထုတ်လုပ်သည့် xAI အား ဒေါ်လာ ၂၅၀ ဘီလီယံ တန်ဖိုးသတ်မှတ်ထားသည်။ SpaceX သည် ယခု ရှယ်ယာထုတ်ရောင်းမှု မှတစ်ဆင့် ဒေါ်လာ ၅၀ ဘီလီယံကျော်အထိ ရရှိရန် ရည်မှန်းထားပြီး၊ ၂၀၁၉ ခုနှစ်က audi Aramco ကုမ္ပဏီ တင်ထားသည့် ကမ္ဘာ့အကြီးဆုံး ရှယ်ယာထုတ်ရောင်းမှု စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ် ရှိသည်။ လက်ရှိတွင် SpaceX သည် xAI နှင့် ပေါင်းစည်းထားမှုအရ ကမ္ဘာ့တန်ဖိုးအရှိဆုံး ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ် ရပ်တည်နေသည်။ ထို့ပြင် အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA) သည်လည်း လာမည့် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် လကမ္ဘာပတ်လမ်းကြောင်းသို့ အာကာသယာဉ်မှူး လေးဦး စေလွှတ်မည့် ခရီးစဉ်ကို စတင်ရန် ပြင်ဆင်နေပြီး၊ ၎င်းသည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ အကြီးမားဆုံး အာကာသစီမံကိန်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် SpaceX သည် ဝင်ငွေ ဒေါ်လာ ၁၅ ဘီလီယံမှ ၁၆ ဘီလီယံအကြား ရှိခဲ့ပြီး အမြတ်ငွေ ဒေါ်လာ ၈ ဘီလီယံခန့် ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ ကိုးကား Reuters Post navigation ထရန့်၏ ဖိအားနှင့် ဗြိတိန်ဝန်ကြီးချုပ်၏ ‘တည်ငြိမ်စွာ ရှေ့ဆက်ရေး’ မူဝါဒ” ထရမ့်၏ မိန့်ခွန်းအပြီးအီရန်စစ်ပွဲ အမြန်ဆုံးအဆုံးသတ်ရန်မျှော်လင့်ချက်များမှေးမှိန်လာ၊ရေနံဈေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်