PSM(NEWS)

ဧပြီ ၃၊၂၀၂၆

အရှေ့အလယ်ပိုင်းစစ်ပွဲအမြန်ဆုံးပြီးဆုံးတော့မည်ဟူသောမျှော်လင့်ချက်များသည် ကြာသပတေးနေ့တွင် မှေးမှိန်သွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်အပေါ် ပိုမိုပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုများပြုလုပ်မည်ဟုကတိပြုခဲ့ပြီးနောက်ကမ္ဘာ့ရေနံဈေးနှုန်းများပြန်လည်မြင့်တက်လာကာ ဝယ်ယူသုံးစွဲသူများ:အပေါ် ရိုက်ခတ်မှုများ ရှိလာခဲ့သည်။

စစ်ဆင်ရေးများကိုပိုမိုအရှိန်မြှင့်မည်ဟုဒေါ်နယ်ထရမ့်ကပြောကြားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ သိလိုသည့် စစ်ပွဲအဆုံးသတ်မည့် အချိန်ဇယားကိုထည့်သွင်းပြောကြားခြင်းမရှိသောကြောင့်စတော့ဈေးကွက်များကျဆင်းကာအမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခဲ့သည်။

“ကျွန်တော်တို့ သူတို့ကို နောက် ၂ ပတ်၊၃ပတ်အတွင်းမှာအပြင်းထန်ဆုံး တိုက်ခိုက်သွားမှာပါ။ သူတို့ကို ကျောက်ခေတ်ဆီပြန်ရောက်သွားအောင်လုပ်ပစ်မယ်”ဟုဒေါ်နယ်ထရမ့် က ဗုဒ္ဓဟူးနေ့ညပိုင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတကအမေရိကန်၏စစ်ရေးရည်မှန်းချက်များကိုမကြာမီအောင်မြင်တော့မည်ဟုဆိုသော်လည်းအီရန်ခေါင်းဆောင်များက ဝါရှင်တန်၏ စည်းကမ်းချက်များကိုမလိုက်နာပါကအီရန်၏စွမ်းအင်နှင့်ရေနံအခြေခံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းဖြင့်စစ်ပွဲကိုပိုမိုချဲ့ထွင်သွားနိုင်ကြောင်းအရိပ်အမြွက်ပြောကြားခဲ့သည်။

အီရန်၏ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှုကို ပြန်လည်ရရှိရန် နိုင်ငံပေါင်း၄၀ခန့်ကကြာသပတေးနေ့တွင်အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးခဲ့ကြသည်။ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန် ကမူ ၎င်းကိစ္စကို အီရန်နှင့်ညှိနှိုင်းတိုင်ပင်မှသာလုပ်ဆောင်နိုင်မည်ဟုပြောကြားခဲ့သည်။

အီရန်စစ်ဘက်ကမူ အမေရိကန်နှင့် အစ္စရေးတို့အပေါ် “ပိုမိုပြင်းထန်ပြီး ဖျက်အားကောင်းသော”တိုက်ခိုက်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း တုံ့ပြန်ထားသည်။

ဖေဖော်ဝါရီလ၂၈ရက်နေ့ကစတင်ခဲ့သော အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့်လက်ရှိတွင်အရှေ့အလယ်ပိုင်းဒေသတစ်ခွင်လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်သည်။

ဘရန့်စိမ်းရေနံဈေးနှုန်းသည်၈ရာခိုင်နှုန်းခန့်မြင့်တက်သွားပြီးတစ်စည်လျှင်၁၀၉ဒေါ်လာဝန်းကျင်သို့ရောက်ရှိသွားသည်။

စီးပွားရေး: အာရှဒေသတစ်ခွင်တွင် လောင်စာဆီပြတ်လပ်မှုများကြောင့် စီးပွားရေးထိခိုက်မှုများ ရှိနေပြီး ဥရောပတွင်လည်းမကြာမီရိုက်ခတ်လာတော့မည်ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့်ကမ္ဘာ့ဘဏ်တို့ကဤစစ်ပွဲသည်ကမ္ဘာ့စီးပွားရေးအပေါ်ကြီးမားပြီးမမျှတသောသက်ရောက်မှုများရှိနေကြောင်းသတိပေးထားသည်။

အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် သည်ပါကစ္စတန်ကြားခံသူများမှတစ်ဆင့် အီရန်နှင့် ဆက်သွယ်မှုများ ရှိခဲ့သော်လည်း အီရန်ဘက်ကမူ တရားဝင် အပစ်အခတ်ရပ်စဲရေး အာမခံချက်မရဘဲဆွေးနွေးမည်မဟုတ်ကြောင်း တင်းမာလျက်ရှိသည်။ ပါကစ္စတန်နိုင်ငံကနှစ်ဖက်ဆွေးနွေးပွဲကိုလက်ခံကျင်းပပေးရန်ကမ်းလှမ်းထားသော်လည်း အမေရိကန်ဘက်မှ တက်ရောက်မည့် အစီအစဉ်ကို အတည်မပြုသေးပေ။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *