PSM (News)

ဩဂုတ် ၁၉၊၂၀၂၆

လေဖိအားနည်းရပ်ဝန်းမြောင်တန်း၏ သက်ရောက်မှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် သြဂုတ်လ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့နေရာများတွင် မိုးအလွန်ကြီးမားမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်စောင်းဒေသများနှင့် မြေနိမ့်ပိုင်းများတွင် ရေကြီးရေလျှံခြင်းနှင့် ရေဆိုးများ ရုတ်တရက်စီးဆင်းမှုများဖြစ်ပေါ်နိုင်ခြေရှိသဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုကြရန် သတိပေးထားသည်။ ရေကြီးလေ့ရှိသည့် လမ်းကြောင်းများဖြင့် ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် တရားဝင် မိုးလေဝသသတင်းပေးချက်များကို စောင့်ကြည့်ရန် တိုက်တွန်းထားသည်။

ထို့အပြင် အန်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် ရေလှိုင်းအလွန်ထန်မည်ဖြစ်ပြီး ပင်လယ်ပြင်ထွက်မည့်သူများနှင့် လှေငယ်များအနေဖြင့် အထူးသတိပြု သွားလာကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ကိုးကား-The Nation Thailand

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *