PSM (News) ဩဂုတ် ၁၉၊၂၀၂၆ မလေးရှားနိုင်ငံဂျိုဟိုးဘာရူးနှင့် စင်ကာပူကို ချိတ်ဆက်မည့် အမြန်ရထားလိုင်း (RTS Link) စီမံကိန်း၏ မလေးရှားဘက်ခြမ်းရှိ ဘူတာနှင့် ရထားလမ်း အဆောက်အအုံများအားလုံး ပြီးစီးသွားပြီဖြစ်သည်။လက်ရှိတွင် ခရီးသည်တင်ဝန်ဆောင်မှု မစတင်မီ နောက်ဆုံးအဆင့် ပေါင်းစပ်စမ်းသပ်မှုများကို ကို လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်တိုနီလုတ်က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ နှစ်နိုင်ငံ ပူးတွဲစီမံကိန်း၏ ရထားလက်မှတ်ခနှုန်းထားနှင့် တရားဝင် စတင်မည့်ရက်စွဲများကို မလေးရှားနှင့် စင်ကာပူ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနတို့က မကြာမီ ပူးတွဲကြေညာသွားမည်ဖြစ်ကြောင်း ၎င်းက ဂျိုဟိုးဘာရူးရှိ ဗူခစ်ချာဂါ (Bukit Chagar) ဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်အတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ဗူခစ်ချာဂါဘူတာနှင့် စင်ကာပူနိုင်ငံ ဝုဒ် လန်သ် (Woodlands North) ဘူတာအကြား ၄ ကီလိုမီတာ အကွာအဝေးရှိ ယင်းလမ်းကြောင်းအတွက် ရထားဖြင့် သွားလာရာတွင် ၆ မိနစ်မှ ၈ မိနစ်သာ ကြာမြင့်မည်ဖြစ်သည်။နေ့စဉ် ခရီးသည် ၄၀,၀၀၀ ခန့် စီးနင်းမည်ဟု ခန့်မှန်းထားသည်။ ဗူခစ်ချာဂါဘူတာတွင် ခရီးသည်များ အမြန်ဆုံး ဖြတ်သန်းနိုင်ရန် QR ကုဒ်များ သို့မဟုတ် နိုင်ငံကူးလက်မှတ်များကို အသုံးပြုသည့် အီးဂိတ် (e-gate) လမ်းကြောင်း အစင်းရေ ၁၀၀ ကျော် တပ်ဆင်ထားသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုကောင်းမွန်စေရန် ဒေသတွင်း ဘတ်စ်ကားလိုင်းများ တိုးချဲ့ခြင်းနှင့် ဂျိုဟိုးဘရ် အလယ်ပိုင်း (JB Sentral) ရှိ ရထားဘူတာသို့ တိုက်ရိုက်ချိတ်ဆက်မည့် ကျော်ဖြတ်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ကိုးကား-The Strait Times Post navigation ထိုင်းနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်း သတိပေးထား ဂရိနိုင်ငံ၊ ဆစ်ဖ်နော့စ်ကျွန်းတွင် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ပျားရည်ဆမ်းခရီးသွား ဗြိတိသျှစုံတွဲနှင့် လေယာဉ်မှူး သေဆုံး