PSM(News)

ဧပြီ ၁၉၊၂၀၂၆

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပလျက်ရှိသည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သည်။

အဆိုပါ ညီလာခံကို ဧပြီလ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့သည် ညီလာခံကာလအတွင်း မြန်မာ့နိုင်ငံရေးအခြေအနေများအပါအဝင် စစ်အုပ်စု၏ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအကြောင်းကို နိုင်ငံတကာလွှတ်တော် အသိုက် အဝန်းက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ရရှိရေးနှင့် ၂၀၂၅ အတု အယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (အစိုးရအတု) ၏ အုပ်ချုပ်ရေးယန္တရား များကို ကမ္ဘာတစ်ဝှမ်းက အသိအမှတ်မပြုရေးအတွက်လည်း ထည့်သွင်းတိုက်တွန်းခဲ့ကြောင်း သိရ သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအတွင်း အာရှ-ပစိဖိတ်အုပ်စု အစည်းအဝေး၊ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ဖိုရမ်နှင့် အမှုဆောင်ကောင်စီ အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်ခဲ့ ကြသည်။ ယင်းအပြင် အင်ဒိုနီးရှား၊ ဒိန်းမတ်၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့မှ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့များနှင့် သီးခြားတွေ့ဆုံကာ တော်လှန်ရေးအင်အားစုများအတွက် နိုင်ငံတကာ အကူအညီများ ပိုမိုရရှိရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-CRPH

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *