PSM (News)

ဧပြီ ၁၄၊ ၂၀၂၆

စစ်ရေးအခြေအနေ တင်းမာမှုများရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း ယမန်နေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းက စစ်ကိုင်းမြို့ ကမ်းနားလမ်းတွင် လမ်းလျှောက်သင်္ကြန်ကို ကျင်းပခဲ့သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို မွန်းလွဲ ၃ နာရီမှစတင်ကာ စည်ကားစေရန် စစ်ကော်မရှင်က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး အဖွဲ့များက အကျပ်အတည်းအမျိုးမျိုးကြောင့် မွန်းကြပ် နေသော ပြည်သူများ ယခုနှစ် ရိုးရာပွဲတော် သင်္ကြန်တွင် ပါဝင်ဆင်နွှဲလာမှုအပေါ် ပြည်သူများအနေဖြင့် ပျော်ရွှင်မှုနှင့်ထိုက်တန်သော်လည်း တစ်ဖက်တွင် ရှိနေသည့် ဒဏ်ရာများကို မေ့မထားသင့်ကြောင်း အသိပေးထားသည်။

“ပြည်သူများက ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ တစ်ဖက်က ဒဏ်ရာတွေကိုတော့ စာနာမျှဝေပေးပါ” ဟု တော်လှန်ရေး အဖွဲ့များက ဆိုသည်။

By Htet Ko