PSM (News)

ဩဂုတ် ၁၃ ၊၂၀၂၆

ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက် ၎င်း၏ ဘောလုံးကစားသမားဘဝကို အချိန်အကြာကြီး ဆက်လက် ရပ်တည်သွားရန် မသေချာတော့ကြောင်း အာဂျင်တီးနား ဘောလုံးသမား လီယွန်နယ် မက်ဆီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မက်ဆီ၏ ဖခင်ဖြစ်သူ ဟော်ဟေးသည် ပြီးခဲ့သည့်အပတ်က အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့ရှိ ဆေးခန်းတစ်ခုတွင် ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီးစ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီ ဖြစ်သည်။

“ဖေဖေ မရှိဘဲနဲ့ ကျွန်တော် ဘာဆက်လုပ်ရမယ်မှန်း မသိတော့ပါဘူး။ ဘယ်လိုရှေ့ဆက်ရမယ်န်းလည်း မသိပါဘူး။ ကျွန်တော် ဘောလုံးပဲ ကစားတတ်ခဲ့တာပါ၊ အခုတော့ ဒီကစားသမားဘဝကို ဆက်ပြီး အချိန်အကြာကြီး လုပ်ကိုင်သွားနိုင်ဦးမလားဆိုတဲ့ သံသယတွေ အများကြီး ရှိလာပါပြီ” ဟု မက်ဆီက ၎င်း၏ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းပူဆွေးကြောင်း ရေးသားဖော်ပြခဲ့သည်။

“ဖေဖေက အစကတည်းက ကျွန်တော့်ဘေးမှာ အမြဲရှိနေခဲ့တာပါ။ အခုတော့ အဆုံးသတ်ဖို့ သိပ်မလိုတော့ပါဘူး။ ဘာလို့များ အတူတူ အဆုံးသတ်နိုင်ဖို့အတွက် နောက်ထပ် အချိန်နည်းနည်းလောက် မစောင့်နိုင်ခဲ့တာလဲ” ဟု ၎င်းက ရေးသားထားသည်။

အသက် ၃၉ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမှာ ဖခင်ဖြစ်သူ၏ ဆန္ဒကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းသည် အချိန်ပိုပြီးဆုံးမှသာ စပိန်အသင်းကို ရှုံးနိမ့်ကာ ဒုတိယဆုသာ ရရှိခဲ့သည်။

“နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားပေးဖို့ ဖေဖေ အမြဲတောင်းဆိုခဲ့တာပါ။ ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းအလိုမှာ ဖေဖေ ပိုပြီးနေမကောင်း ဖြစ်လာခဲ့တာပါ” ဟု မက်ဆီက ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲမှာ ဖေဖေ မပါလာနိုင်တာ ဒါ ပထမဆုံးအကြိမ်ပါပဲ… ပွဲစဉ်တိုင်း ပြီးဆုံးသွားတိုင်းမှာ ဖေဖေဆီက မက်ဆေ့ခ်ျကို ကျွန်တော် အမြဲစောင့်မျှော်နေမိခဲ့တယ်။ အဲဒီအချိန်ကျမှသာ အခြေအနေက ဘယ်လောက်တောင် အမှန်တရားဖြစ်နေပြီလဲဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်ရဲ့ ခြေထောက်တွေက ဆက်ပြီး မသွားနိုင်တော့ပါဘူး။ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အစွမ်းအစထက် ကျော်လွန်ပြီး ကြိုးစားခဲ့ပေမဲ့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော် ဘယ်တုန်းကမှ ကောင်းကောင်း မနေနိုင်ခဲ့ပါဘူး… ချန်ပီယံ မဖြစ်ခဲ့ရပေမဲ့ ပွဲစဉ်တိုင်းကို ဘယ်လောက်တောင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရလဲဆိုတာ ဖေဖေ သိမှာမဟုတ်ပါဘူး။ ဒီတစ်ခါလည်း ဖေဖေ ပြောတာ မှန်ခဲ့ပါတယ်၊ ကျွန်တော် အဲဒီမှာ ရှိနေဖို့နဲ့ ကစားဖို့ လိုအပ်ခဲ့ပါတယ်” ဟု မက်ဆီက ထပ်လောင်း ပြောကြားခဲ့သည်။

ဝမ်းနည်းပူဆွေးမှုများ ရှိနေသော်လည်း အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီက ၎င်း၏ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် ဖခင်ဖြစ်သူ၏ အမှတ်တရများကို ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

“ဖေဖေ့ကို အရမ်းလွမ်းနေရမှာပါ၊ ဒါပေမဲ့ ဖေဖေဟာ အမြဲတမ်း ရှိနေမှာပါ။ အထူးသဖြင့် ကျွန်တော့်ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာပေါ့၊ ဘာလို့လဲဆိုတော့ ဖေဖေ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးခဲ့သလိုမျိုး ကျွန်တော်လည်း သူတို့ကို သင်ကြားပြသပြီး ပြုစုပျိုးထောင်သွားမှာမို့လို့ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *