PSM (News) ဩဂုတ် ၁၁၊၂၀၂၆ ဘန်ကောက်မြို့ကွန်ဒိုမီနီယံ အဆောက်အဦမြင့်ပေါ်မှ အဝတ်လှန်းစင်တစ်ခုသည် အောက်သို့ပြုတ်ကျလာရာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူနှင့် ခရီးသည်တို့အပေါ်သို့ တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မှာ လမ်းပေါ်တွင် ရပ်တန့်နေသည့် ကားတစ်စီးဆီသို့ ထိန်းမနိုင်သိမ်းမရ တိမ်းစောင်းသွားခဲ့ရသည်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ဆူသီပွန့် ဟတ်သတ်ဖစ်ထပ်ခွန် က အဆိုပါ ဖြစ်ရပ်ပါဗီဒီယိုဖိုင်ကို ၎င်း၏ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တနင်္ဂနွေနေ့က တင်ခဲ့ပြီး “ကံဆိုးမိုးမှောင်ကျထဲကမှ ကံကောင်းခြင်း” ဟု ရေးသားဖော်ပြခဲ့သည်။ ဗီဒီယိုပိုင်ရှင် သွန်ဗာရတ် ဖက်ချ်ဝီ က အဝတ်လှန်းစင်ပိုင်ရှင်သည် နောက်ပိုင်းတွင် ထွက်လာပြီး တာဝန်ယူကာ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးခဲ့ကြောင်း ၎င်းအား ပြောပြခဲ့သည်ဟု ဆိုသည်။ ဗီဒီယိုဖိုင်တွင် သက်ကြီးရွယ်အို ခရီးသည်တစ်ဦးကို တင်ဆောင်လာသည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးသည် လူစည်ကားသော လမ်းမကြီးအတိုင်း ပုံမှန်မောင်းနှင်လာသည်ကို တွေ့ရသည်။ ထိုစဉ် အဆောက်အဦပေါ်မှ အဝတ်အစားများ ပြည့်နေသော လှန်းစင်တစ်ခု ပြုတ်ကျလာခဲ့သည်။ အဆိုပါစင်သည် ဘာမှန်းမသိလိုက်ရသည့် ဆိုင်ကယ်သမားများအပေါ်သို့ တိုက်ရိုက်ကျရောက်လာသဖြင့် ယာဉ်မောင်းမှာ ထိန်းချုပ်မရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရပ်တန့်နေသည့် ကားတစ်စီးထဲသို့ ဝင်တိုက်မိခဲ့သည်။ အဆိုပါ မတော်တဆမှုကြောင့် သေဆုံးမှု သို့မဟုတ် ပြင်းထန်သော ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူဦးရေထူထပ်သော ဒေသများရှိ မြင့်မားသည့်အဆောက်အဦများမှ ပစ္စည်းများပြုတ်ကျလာနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်၍ လူအများက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ကိုးကား-Bangkok Post Post navigation ယူကရိန်းနိုင်ငံ၏ ‘ခံတပ်သဖွယ်စစ်ပွဲ’ ကြောင့် သန်းနှင့်ချီသော စာအုပ်များ မီးလောင်ပြာကျ ကိုလံဘီယာငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်