PSM(News)

ဧပြီ ၁၁ ၊၂၀၂၆

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သည် ရှစ် ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်သည်။

ငဖဲ-စေတုတ္တရာ ကားလမ်းပေါ်တွင် စစ်အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော အဆိုပါ ကင်ပွန်းခြုံ ဂိတ်စခန်းကို ဧပြီလ ၁၀ ရက်၊ နံနက် ၅ နာရီခန့်တွင် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ရှစ် ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ ထို့ပြင် အဆိုပါဂိတ်စခန်းရှိ MA-1 တစ်လက်၊ ကာဘိုင် အမျိုးအစား နှစ်လက်နှင့် ခဲယမ်းမီးကျောက်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)၊ လူ့ဘောင်သစ်တပ်မတော် (NSA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်းနှင့် ငဖဲမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-CDF-Asho

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed