PSM (News) စက်တင်ဘာ ၁၊၂၀၂၆ ထိုင်းနိုင်ငံ၊နာခွန်ဖနွမ်ခရိုင်တွင် အုပ်ချုပ်ရေးမှူး အာဒီဆတ် နွိုင်းဆူဝမ် (Adisak Noisuwan) သည် ယှဉ်ပြိုင်အလုပ်ခန့်အပ်ရေး စာမေးပွဲများတွင် မမှန်မကန် ကျူးလွန်ခဲ့သည်ဟု သံသယရှိမှုအပေါ် စုံစမ်းစစ်ဆေးပြီးနောက် ဒေသန္တရအစိုးရ အရာရှိ ၄၇ ဦး၏ ခန့်အပ်မှုကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်လိုက်သည်။ စစ်ဆေးမှုခံယူခဲ့ရသူ ၅၃ ဦးအနက် အဆိုပါ ၄၇ ဦးမှာ အရေးယူခံရခြင်းဖြစ်ပြီး ကျန် ၆ ဦးမှာမူ စစ်ဆေးရေး စံသတ်မှတ်ချက်များအရ ကင်းရှင်းကြောင်း အတည်ပြုခဲ့သည်။ထိခိုက်ခံရသည့် အရာရှိများသည် နိုင်ငံဝန်ထမ်းအဆင့်အတန်းကို ချက်ချင်း ဆုံးရှုံးမည်ဖြစ်သော်လည်း အမိန့်စာ လက်ခံရရှိပြီးနောက် ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်ခွင့် ရှိသည်။ သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲတစ်ဦးက စာမေးပွဲဖြေဆိုခဲ့သော်လည်း ရာထူးခန့်အပ်ခြင်း မခံခဲ့ရသည့် တစ်ဦးထံမှ ဘတ် ၆၀၀,၀၀၀ တောင်းခံခဲ့သည်ဟူသော စွပ်စွဲချက်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ လက်ရှိဖြစ်ရပ်ကို ရာထူးအလွဲသုံးစားလုပ်မှုထက် လိမ်လည်မှုအဖြစ် တိုင်ကြားထားကြောင်းနှင့် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) ထံသို့ တိုင်ကြားချက် တစ်စုံတစ်ရာ ပေးပို့ခြင်း မရှိသေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ကိုးကား-Khaosod Post navigation အမေရိကန်နှင့် အီရန်တို့ တိုက်ပွဲများ ပြန်လည်စတင်ခဲ့ပြီးနောက် စစ်ပွဲကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန် လိုလားဆဲဖြစ်ကြောင်း အီရန်သမ္မတ ပြောကြား အစ္စရေးနှင့် ဂရိနိုင်ငံတို့ ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် လက်နက်သဘောတူညီချက် ‘Achilles Shield’ ကို လက်မှတ်ရေးထိုး