ပခုက္ကူအနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ

PSM (News) မတ် ၁၇ ၊ ၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကော်မရှင် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ငါးဦးသေဆုံးပြီး စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံမှ သိရသည်။ ပခုက္ကူမြို့နယ် အနောက်ခြမ်း၊ ကန်တော်ရွာစခန်းမှ ညောင်ဂျစ်ပင်ပျူစောထီးရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာလာသော…

အီရန်၏ ခေါင်းဆောင်သစ် လူမြင်ကွင်းသို့ ထွက်မလာခြင်းမှာ အစိုးရအတွက် ‘အရှက်ရစရာ ဖြစ်လာနေပြီ’ ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ပြောကြား

PSM(NEWS) မတ် ၁၇၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ သည် ၎င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့် အာယာတိုလာ အလီ ခါမေနီ ၏နေရာကို ဆက်ခံပြီးနောက်ပိုင်း လူမြင်ကွင်းတွင်ဖြစ်စေ၊ ဗီဒီယိုမှတစ်ဆင့်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ ပေါ်လာခြင်းမရှိသေးသည်မှာ အီရန်အစိုးရအတွက် အရှက်ရစရာ ဖြစ်လာနေပြီဟုအစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာ က ပြောကြားလိုက်သည်။ ဆာသည် “The Faulkner…

ရန်ကုန်-မန္တလေး အမှတ် -၂ လမ်းပိုင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများဟုဆို

PSM (News) မတ် ၁၆၊ ၂၀၂၆ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းပိုင်းတွင် စစ်ကော်မရှင်၏ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး ယာဉ်တစ်စီး ပျက်စီးသွားကြောင်း သိရသည်။ ကိုးပင်-အောင်လံဘက်မှ နေပြည်တော်သို့ ဦးတည်သွားနေသည့် စစ်ယာဉ်တန်းကို မတ် ၁၅ ရက်နေ့ နေ့…

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရေဖောင်များ လေကြောင်းတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကာ ၆ ဦး ပျောက်ဆုံးနေ

PSM (News) မတ် ၁၆၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း ရွှေမျောလုပ်ငန်းလုပ်ကိုင်နေသည့် ရေဖောင်များကို စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ ကိုးဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ဟုမ္မလင်းလေတပ်စခန်းမှ…

MNDAA နှင့် TNLA အကြား လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် SRA မေတ္တာရပ်ခံတိုက်တွန်း

PSM (News) မတ် ၁၆၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာကြပါရန် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က မတ် ၁၄ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။ ညီနောင်မဟာမိတ်များအကြား ဖြစ်ပွားနေသည့်…

ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA အဖွဲ့အား စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့အဖြစ် KNU သတ်မှတ်ထုတ်ပြန်

PSM(News) မတ် ၁၆ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေအတွင်း လှုပ်ရှားနေသည့် KTLA အမည်ခံ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုးနှင့် အဖွဲ့အား “အကြမ်းဖက်စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။…

ပါကစ္စတန် ကကန်ဒဟားရှိ တာလီဘန်စခန်းများနှင့် “အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများ”ကို ညတွင်းချင်းတိုက်ခိုက်

PSM(NEWS) မတ် ၁၆၊ ၂၀၂၆ ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒဟားရှိ တာလီဘန်စခန်းများနှင့် “အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများ” ကို ညတွင်းချင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က အတည်ပြုပြောကြားခဲ့သော်လည်း ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း ပြောဆိုခဲ့သည်။…