PSM(NEWS)

မတ် ၈ ၊၂၀၂၆

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသ မြသိန်းတန်စေတီ မြောက်ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ ၄ ဦးထက်မနည်း သေဆုံးနိုင်ပြီး စစ်ကြောင်းမှူးအပါအဝင် ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ပကဖ က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းက မန္တလေး ဂေါဝန်ဆိပ်မှနေ၍ အင်အား ၂၅၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို သံခွန် သုံး စီးဖြင့် မင်းကွန်းရဲစခန်းသို့ အင်အားဖြည့်တင်းခဲ့ပြီးနောက် နောက်တစ်နေ့နံနက်တွင် မင်းကွန်းရဲစခန်းရှိ အထိုင်တပ်များနှင့် ပူးပေါင်းကာ ရှားရောင်း၊ ကင်း နှင့် ချောင်းမကြီးကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ချောင်းမကြီးနှင့် အုန်းတဇင်ရွာကြားသို့ ရောက်ရှိလာချိန်တွင် အသင့် စောင့်ဆိုင်းနေသော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မျက်မြင်တွေ့ရှိချက်များအရ တိုက်ပွဲအတွင်း စစ်ကြောင်းမှူးအပါအဝင် ရှစ် ဦးခန့် ပြင်းထန်ဒဏ်ရာရရှိကာ လေး ဦးခန့်မှာ သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ရတနာပုံတပ်ဦးနှင့်အတူ နယ်မြေခံ ပကဖများ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (UGF)၊ People Servant Force (PSF)၊ No More Dictatorship (NMD) နှင့် Mingun PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-ချမ်းမြသာစည်မြို့နယ် ပကဖ

#PSM_News

#ပြောက်ကျားတိုက်ခိုက်

#မင်းကွန်းဒေသ

#စစ်ကိုင်းတိုင်း

By Htet Ko