PSM (News) စက်တင်ဘာ ၈၊၂၀၂၆ အမေရိကန်က ၎င်းတို၏ ပိုင်ဆိုင်မှုများအပေါ် အသစ်ထပ်မံ တိုက်ခိုက်လာပါက လက်စားချေ တုံပြန်သွားမည်ဟု အီရန်က တနင်္လာနေ့တွင် ခြိမ်းခြောက်ပြောဆိုလိုက်ပြီး၊ ဒေသတွင်းရှိ စွမ်းအင်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးသည် “ကျယ်ပြန့်ကာ၊ ဝင်ရောက်ရန် လွယ်ကူပြီး၊ ထိခိုက်လွယ်သည့် အနေအထားတွင် ရှိနေကြောင်း” နှင့် ထိုရေပြင်ရှိ အမေရိကန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများသည်လည်း ထိုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။”ကျနော်တိုရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ရင် ခင်ဗျားတိုလည်း ပြန်ပြီး တိုက်ခိုက်ခံရလိမ့်မယ်” ဟု ရေကြောင်းသွားလာမှုများအပေါ် အမေရိကန်နှင့် အီရန်တို စနေ၊ တနင်္ဂနွေတွင် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘက်ဖ် က ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းမှာ ၆ ပတ်အတွင်း အမြင့်ဆုံးအဆင့်သို ခဏတာ မြင့်တက်သွားခဲ့သည်။ တနင်္ဂနွေနေ့တွင် အီရန် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ မိုဟာဆန် ရေဇာအီ က အီရန်အနေဖြင့် ပင်လယ်ကွေ့အတွင်း ကန့်သတ်ဇုန်အသစ် သတ်မှတ်မည့် အစီအစဉ်များကို လာမည့်ရက်များအတွင်း ကြေညာသွားမည်ဖြစ်ပြီး၊ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်မည့် သင်္ဘောလမ်းကြောင်းသစ် မြေပုံများကို မကြာမီ အတည်ပြုပေးမည်ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သော အမေရိကန်နှင့် စစ်ပွဲစတင်ချိန်မှစ၍ အီရန်သည် ကမ္ဘာ့အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုဆောင်ရေး လမ်းကြောင်းဖြစ်သည့် ထိုရေလက်ကြားမှ သွားလာမှုများကို ပိတ်ဆိုထားခဲ့သည်။ သတ်မှတ်မည့် ကန့်သတ်ဇုန်အသစ်သည် အမေရိကန် ရေတပ်က အီရန်ကို စတင်ပိတ်ဆိုသည့်နေရာမှ စတင်၍ ပင်လယ်ကွေ့၏ အခြားဧရိယာများအထိ ကျယ်ပြန့်သွားမည်ဖြစ်ကြောင်း ရေဇာအီက ပြောသည်။ ထိုဇုန်အသစ်အတွင်း ဝင်ရောက်လာသည့် မည်သည့်သင်္ဘောမဆို အီရန်၏ ဒဏ်ခတ်ပိတ်ဆိုမှုစာရင်းတွင် ထည့်သွင်းခံရမည်ဟု ၎င်းက ဆိုသည်။”သူတို (အမေရိကန်တွေ) ဘက်က အီရန်အပေါ် နှောင့်ယှက်ဖျက်ဆီးတာ၊ ခြိမ်းခြောက်တာနဲ့ တိုက်ခိုက်တာတွေကို ရပ်တန့်မှပဲ ဟော်မုဇ် ရေလက်ကြားကို ဖွင့်လှစ်ပေးဖို ကျနော်တို ကတိပြုမှာဖြစ်ပါတယ်” ဟု ရေဇာအီက ပြောကြားခဲ့သည်။ အီရန်၏ စိန်ခေါ်မှုကို မီးမောင်းထိုးပြသည့်အနေဖြင့် ကာလီဘက်ဖ်က အမေရိကန်၏ မည်သည့်တိုက်ခိုက်မှုကိုမဆို တုံပြန်သွားမည်ဟု သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ အီရန်၏ ရေနံတင်သင်္ဘောအုပ်စုသည် “ကာကွယ်ရေးကင်းမဲ့နေသည်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ်၏ သတိပေးချက်ကို တုံပြန်လိုက်ခြင်းလည်း ဖြစ်သည်။ “ကိစ္စက ရှင်းပါတယ်။ ဒီဒေသမှာရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကွင်းဆက်ဟာ ကျယ်ပြန့်တယ်၊ ဝင်ရောက်ရလွယ်တယ်၊ ထိခိုက်လွယ်တယ်။ ဒီရေပြင်နဲ့ စက်ရုံ/အဆောက်အအုံတွေမှာရှိတဲ့ အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေဟာလည်း အဲဒီအန္တရာယ်ကို အတူတူ ရင်ဆိုင်နေရတာပါ” ဟု အီရန်၏ ထိပ်တန်းညှိနှိင်းရေးမှူးလည်းဖြစ်သူ ကာလီဘက်ဖ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “ကျနော်တိုပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ရင် ခင်ဗျားတိုလည်း တိုက်ခိုက်ခံရမယ်။ ကျနော်တို ဒါကို သက်သေပြပြီးပါပြီ။ သုံးလိုမရတော့တဲ့ စစ်စခန်းတွေကိုသာ မေးကြည့်လိုက်ပါ” ဟု ပဋိပက္ခတစ်ခုလုံးအတွင်း ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို အီရန်က တိုက်ခိုက်ခဲ့သည်များကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ယူကရိန်းငြိမ်းချမ်းရေးအတွက်အမေရိကန်ကိုယ်စားလှယ်များကိယက်ဗ်သို့သွားရောက် မိုင်ယာမီတွင် Amazon Prime Air ကုန်တင်လေယာဉ် ပြေးလမ်းလွန်ပျက်ကျမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံး