PSM (News)

ဇူလိုင် ၇၊၂၀၂၆

တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေး မစတင်မီ ရုရှားက ယူကရိန်းမြို့တော် ကီးဗ်ကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

အမေရိကန်ထုတ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ ပြတ်လပ်နေမှုကြောင့် ယူကရိန်းအနေဖြင့် ရုရှား၏ ပဲ့ထိန်းဒုံးကျည် ၂၃ စင်းလုံးကို မပစ်ချနိုင်ခဲ့ဘဲ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ သို့သော် အခြားဒုံးကျည် ၃၇ စင်းနှင့် ဒရုန်း ၃၅၁ စင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကိုမူ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးက မဟာမိတ်များအနေဖြင့် Patriot ဒုံးကျည်များကို သိုလှောင်ရုံထဲတွင်ပဲ သိမ်းမထားဘဲ ယူကရိန်းသို့ အမြန်ပေးပို့ရန်နှင့် နေတိုးအစည်းအဝေးတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် တောင်းဆိုထားသည်။ တစ်ဖက်တွင်လည်း ယူကရိန်းက ရုရှားပိုင်နက်အတွင်းရှိ ရေနံဆိပ်ကမ်းများနှင့် fခရိုင်းမီးယားဒေသရှိ စွမ်းအင်စနစ်များကို ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။

ကိုးကား-Reuters

By Htet Ko