PSM(News)

ဇူလိုင် ၇၊ ၂၀၂၆

သီရိလင်္ကာနိုင်ငံ၊ နီဂွန်ဘိုမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားအချင်းချင်း နှစ်ရက်ကြာ ပြင်းထန်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် အတည်ပြုပြောကြားသည်။

ဤဖြစ်စဉ်သည် လွန်ခဲ့သောနှစ်များအတွင်း အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့သော အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါဖြစ်စဉ်သည် တနင်္ဂနွေနေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားဟောင်းများနှင့် ခေတ္တထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့တွင် လူ ၂ ဦး သေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သော်လည်း တနင်္လာနေ့နံနက်ပိုင်းတွင် ပိုမိုပြင်းထန်သည့် ဒုတိယအကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အကျဉ်းထောင်ဝန်ထမ်း ၆ ဦး အပါအဝင် နောက်ထပ် ၂၃ ဦး ထပ်မံသေဆုံးခဲ့သည်။

နီဂွန်ဘိုဆေးရုံ ဒါရိုက်တာ ဒေါက်တာ ပူရှပါ ဂမ်လက်သ်က ဒဏ်ရာရရှိသူများတွင် သေနတ်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများနှင့် ဖူးရောင်ဒဏ်ရာများ ရရှိထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

အကျဉ်းထောင်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယာက ၏ အဆိုအရ အဆိုပါ အဓိကရုဏ်းမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ တရားရေးနှင့် အမျိုးသားပေါင်းစည်းရေးဝန်ကြီး ဟာရှာနာ နာနာယက်ကာရာ က အကျဉ်းသားအချို့ထံသို့ လက်နက်များ ရောက်ရှိသွားခဲ့ကြောင်း ဝန်ခံခဲ့ပြီး လက်ရှိတွင် ထောင်တစ်ခုလုံးအား တာဝန်ရှိသူများက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed