PSM(News) ဇူလိုင် ၆၊၂၀၂၆ အီရတ်အစိုးရအဖွဲ့သည် အမေရိကန်ကုမ္ပဏီများဖြစ်ကြသည့် Capital TI နှင့် Chevron (CVX.N)၊ ကာတာနိုင်ငံမှ UCC တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ရေနံတင်ပို့ရေး ပိုက်လိုင်းစီမံကိန်းများ လေ့လာရန်အတွက် “အကြိုသဘောတူညီချက်” နှင့် လျှို့ဝှက်ထိန်းသိမ်းမှုဆိုင်ရာ သဘောတူညီချက် တို့ကို လက်မှတ်ရေးထိုးရန် Basra Oil Companyကိုခွင့်ပြုလိုက်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ပူးပေါင်းအဖွဲ့သည် ဘာဆရာ-ဟာဒီသာ-ကီရ်ကုခ်-ဆေးယန် လမ်းကြောင်းနှင့် ဘာဆရာ-ဟာဒီသာ-ဘာနီယပ်စ် လမ်းကြောင်းတို့အား နှိုင်းယှဉ်ကာ နည်းပညာနှင့် ငွေကြေးဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ယခုသဘောတူညီချက်များသည် အီရတ်ရေနံဝန်ကြီးဌာနအတွက် နောက်ဆုံးသတ်မှတ်ထားသော ငွေကြေးဆိုင်ရာ သို့မဟုတ် စာချုပ်ဆိုင်ရာ တာဝန်ယူမှုများ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ဘာဆရာ-ဟာဒီသာ ရေနံပိုက်လိုင်းစီမံကိန်းအတွက် အကြံပေးဝန်ဆောင်မှုဆိုင်ရာ စာချုပ်တစ်ရပ်ကို KBR (KBR.N) ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးရန်လည်း ဘာဆရာရေနံကုမ္ပဏီကို ခွင့်ပြုပေးခဲ့သည်။ ကိုးကား- Reuters Post navigation ဗြိတိန်ဝန်ကြီးချုပ် စတာမာ – ၎င်း၏အရိုက်အရာကို ဆက်ခံမည့်သူအနေဖြင့် နိုင်ငံခြားရေးရာကိစ္စရပ်များတွင် အချိန်ပေးရန် လိုအပ်ကြောင်း ပြောကြား အီရန်ခေါင်းဆောင်၏ သားသုံးဦးဈာပနတွင် တက်ရောက်သော်လည်း ဆက်ခံသူမှာ ပေါ်မလာ