PSM(NEWS)

မေ ၆၊၂၀၂၆

အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံချက်စက်ရုံ Citgo Petroleum ကို ငွေကြေးအကြွေးရှင်များထံမှ ကာကွယ်ပေးထားသည့် လိုင်စင်ကို ဇွန်လ ၁၉ ရက်အထိ သက်တမ်းတိုးပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားပိုင် ပစ္စည်းများ ထိန်းချုပ်ရေးရုံး (OFAC) မှ ထုတ်ပြန်ခဲ့သည့် အဆိုပါ ယေဘုယျလိုင်စင်သည် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် ရည်ရွယ်သည်။ ၎င်းအပြင် ဟူစတန်အခြေစိုက် Citgo နှင့် ၎င်း၏ ပြည်ပရှိ မိခင်ကုမ္ပဏီများကို ဆက်လက်ကာကွယ်ပေးသွားမည်ဖြစ်သည်။

Citgo ကို Amber Energy (Elliott Investment Management ၏ လက်အောက်ခံ ကုမ္ပဏီ) မှ တာဝန်ယူလွှဲပြောင်းရန် မျှော်လင့်ရပြီး၊ ၎င်းမှာ ဗင်နီဇွဲလားနှင့် ဆက်နွှယ်နေသော အကြွေးရှင်များထံသို့ ဒေါ်လာဘီလီယံနှင့်ချီ၍ ပေးချေရန် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တရားရုံး၏ အမိန့်ဖြင့် ၎င်း၏မိခင်ကုမ္ပဏီ PDV Holding ကို လေလံတင်ရောင်းချခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Amber တာဝန်ရှိသူများက Citgo Petroleum ကို OFAC က လွှဲပြောင်းပေးမည်ဆိုပါက ရေနံချက်စက်ရုံတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး၊ တက္ကဆက်ပြည်နယ်ရှိ Corpus Christi ရေနံချက်စက်ရုံတွင် တစ်နေ့လျှင် စည်ပေါင်း ၁၂၅,၀၀၀ အထိ ကုန်ကြမ်းရေနံချက်လုပ်နိုင်စွမ်း တိုးမြှင့်မည်ဟု ကတိပြုထားသည်။

ကိုးကား-Reuters

By Htet Ko

You missed