PSM(NEWS) မေ ၆၊ ၂၀၂၆ အမေရိကန် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးကုမ္ပဏီ (AEP) သည် အင်္ဂါနေ့တွင် ၎င်းတို့၏ ငါးနှစ်တာ မတည်ငွေရင်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဒေါ်လာ ၇၈ ဘီလီယံအထိ တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းပမာဏသည် သုံးလအစောပိုင်းက ထုတ်ပြန်ခဲ့သော အစီအစဉ်ထက် ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ အမေရိကန် ပြည်ထောင်စု၏ လျှပ်စစ်ဓာတ်အားပေးစနစ်ကို ချဲ့ထွင်ရန်အတွက် ဒေတာစင်တာများ လျင်မြန်စွာ ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ (AI) ကို အထောက်အကူပြုရန် နည်းပညာ ကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား အမြောက်အမြား သုံးစွဲသော ဒေတာစင်တာများကို တည်ဆောက်နေကြသဖြင့် အမေရိကန်ပြည်ထောင်စု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် စံချိန်တင် မြင့်တက်လျက်ရှိသည်။ ထို့ကြောင့်လည်း ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဂီယာပို့လွှတ်ရေး အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာကြခြင်း ဖြစ်သည်။ AEP မှ ပထမသုံးလပတ်အတွင်း စွမ်းအင်စီမံကိန်းအသစ် (၇) ဂစ်ဂါဝပ်အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အဓိကအားဖြင့် အိုဟိုင်းယိုး နှင့် တက္ကဆက်ပြည်နယ်တို့တွင် ဖြစ်သည်။ AEP ၏ ၂၀၃၀ ပြည့်နှစ်အရောက်တွင် မျှော်မှန်းထားသော တိုးမြှင့်ဝန်အား၆၃ ဂစ်ဂါဝပ်၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဒေတာစင်တာများမှ ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ၆၃ ဂစ်ဂါဝပ်သည် ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုလုံးကို မီးလုံလောက်စွာ ပေးနိုင်ရန် လိုအပ်သည့် ပမာဏထက် များစွာ ပိုမိုများပြားသော ပမာဏဖြစ်သည်။ AEP ၏ ဖော်ပြချက်အရ လိုအပ်ချက်အသစ် အများစုဖြစ်သော ၄၁ ဂစ်ဂါဝပ်ခန့်သည် တက္ကဆက် ပြည်နယ်တွင် ဖြစ်သည်။ ထို့အပြင် AEP သည် အနောက်ဗာဂျီးနီးယားပြည်နယ်ရှိ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိမည့် ဒေတာစင်တာအတွက် Google ကုမ္ပဏီနှင့် ဆွေးနွေးလျက် ရှိသည်။ ကုမ္ပဏီသည် အိုဟိုင်းယိုးပြည်နယ်၊ ပစ်ခ်တန် တွင် ဂျပန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် သဘာဝဓာတ်ငွေ့သုံး ဒေတာစင်တာတစ်ခုအတွက် ပို့လွှတ်ရေး ဝန်ဆောင်မှုများကို ပေးအပ်ရန်လည်း မျှော်လင့်ထားသည်။ ကိုလံဘီယာ၊ အိုဟိုင်းယိုး အခြေစိုက် အဆိုပါ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီသည် ၎င်းတို့၏ ငါးနှစ်တာ မတည်ငွေရင်း အစီအစဉ်ကို ဒေါ်လာ ၇၂ ဘီလီယံမှ ဒေါ်လာ ၇၈ ဘီလီယံအထိ တိုးမြှင့်ခဲ့ပြီး၊ ၎င်းမှာ အင်ဒီယားနားပြည်နယ်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ထူထောင်ခြင်းနှင့် အခြား ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်သည်။ AEP ၏ အမှုဆောင်အရာရှိချုပ် ဘီလ် ဖာမန် က – “AEP သည် ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် အစီအစဉ်ကို အထူးမြင့်မားသော အဆင့်တွင် အကောင်အထည်ဖော်လျက်ရှိပြီး၊ တစ်ချိန်တည်းမှာပင် သုံးစွဲသူများအတွက် တတ်နိုင်သော ဈေးနှုန်းဖြစ်စေရန် အထူးအာရုံစိုက်ဆောင်ရွက်နေပါသည်” ဟု ပြောကြားခဲ့သည်။ ကိုကား-Reuters Post navigation ဂျပန်နှင့် ဖိလစ်ပိုင်တို့မှ ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘောများ လွှဲပြောင်းမှုကို အရှိန်မြှင့်ရန် ရည်ရွယ် အီရန်နိုင်ငံ၊ တီဟရန်မြို့ရှိ ဈေးဝယ်စင်တာတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၈ ဦး သေဆုံး