PSM(NEWS)

မေ၆၊၂၀၂၆

ဂျပန်ကာကွယ်ရေးဝန်ကြီးသည် မေလ ၅ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ပြီး Abukuma အမျိုးအစား ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘောများကို အခမဲ့ လွှဲပြောင်းပေးအပ်ရန် အပါအဝင် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ကာကွယ်ရေးသုံး ပစ္စည်းကိရိယာများဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားရန် သဘောတူညီခဲ့ကြသည်။ ဂျပန်နိုင်ငံအနေဖြင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားမှုများကို ဆန့်ကျင်လျက်ရှိပြီး၊ ဖိလစ်ပိုင်၏ ရေကြောင်းကင်းလှည့်ရေးနှင့် ကာကွယ်ရေးစွမ်းရည် မြှင့်တင်မှုများကို အဓိက ထောက်ပံ့ပေးနေလျက်ရှိသည်။

ကိုးကား-CNA

By Htet Ko

You missed