PSM(NEWS)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အဓိကကျသည့် SpaceX ကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ရှယ်ယာများ လျှို့ဝှက်ဝယ်ယူထားသည်ဆိုသည့် စွပ်စွဲချက်များအပေါ် အရေးပေါ်စုံစမ်းစစ်ဆေးပေးရန် အထက်လွှတ်တော်အမတ်များဖြစ်ကြသော အဲလစ်ဇဘက် ဝါရင် နှင့် အန်ဒီ ကင် တို့က ပင်တဂွန်စစ်ဌာနချုပ်သို့ တိုက်တွန်းလိုက်သည်။ ၎င်းတို့၏ တိုင်ကြားစာအရ တရုတ်နှင့် ဆက်နွှယ်သူများသည် ကေမန်ကျွန်းစုကဲ့သို့သော ဒေသများရှိ ကုမ္ပဏီများကို အသုံးပြု၍ SpaceX ၏ ရှယ်ယာများကို ဝယ်ယူကာ ပိုင်ဆိုင်မှုအစစ်အမှန်ကို ဖုံးကွယ်ထားကြောင်း သိရသည်။ SpaceX သည် လက်ရှိတွင် အမေရိကန် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုများကို လွှတ်တင်ပေးနေသည့်အပြင် ယူကရိန်းစစ်ပွဲတွင် အလွန်အရေးပါသော Starlink အင်တာနက်စနစ်ကိုလည်း ပိုင်ဆိုင်ထားသဖြင့် ယခုကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်းမှာ နည်းပညာလျှို့ဝှက်ချက်များ ပေါက်ကြားနိုင်သည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သည်ဟု အမတ်များက ဆိုသည်။ ယခင်ကလည်း SpaceX ရှယ်ယာဝယ်ယူရန် ကြိုးပမ်းသည့် ရန်ပုံငွေအဖွဲ့တစ်ခုမှ တရုတ်ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ဖယ်ရှားခဲ့ရသည့် တရားရုံးမှတ်တမ်းများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် SpaceX တွင် နိုင်ငံခြားသားပိုင်ဆိုင်မှု မည်မျှရှိနေသည်ကို အမြန်ဆုံးစစ်ဆေးပြီး လာမည့် ဖေဖော်ဝါရီ ၂၀ ရက်ထက် နောက်မကျဘဲ အကြောင်းပြန်ရန် လွှတ်တော်အမတ်များက တောင်းဆိုထားသည်။ ကိုးကား Reuters #SpaceX#တရုတ်ရင်းနှီးမြှုပ်နှံသူ#စုံစမ်းစစ်ဆေးရန်#ပင်တဂွန်စစ်ဌာနချုပ်#အထက်လွှတ်တော်အမတ်#အမျိုးသားလုံခြုံရေး#ခြိမ်းခြောက်မှု#𝐏𝐒𝐌_𝐍𝐞𝐰𝐬 See less Post navigation ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားတို့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူ တရုတ်အစိုးရ၏ စောင့်ကြည့်ထိန်းချုပ်ရေး လိုအပ်ချက်ကို ငြင်းဆန်သည့် ခရစ်ယာန်ဘုန်းတော်ကြီး ဖမ်းဆီးခံရ