PSM (News) စက်တင်ဘာ ၅၊ ၂၀၂၆ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့က သက်ဆိုင်ရာ နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် တော်လှန်ရေး အင်အားစုများကို စနစ်တကျ စစ်သင်တန်း ပေးလျက်ရှိပြီး ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။ ယခုကဲ့သို့ စစ်သင်တန်းများကို ဆက်တိုက်ပြုလုပ်၍ လေ့ကျင့်မွေးထုတ်ပေးခြင်းဖြင့် မကွေးတိုင်း အောက်ပိုင်းနှင့် သရက်ခရိုင်အတွင်း တော်လှန်ရေး တိုက်ခိုက်ရေးစွမ်းရည်ကို ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) ၏ လမ်းညွှန်မှုအောက်တွင် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဓာတ်ပုံ – ကံမ-ပကဖ ပုံစာ-ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားမြင်ကွင်း။ Post navigation ကချင်သို့ ထပ်မံ ဆန်တက်ရန်အတွက် စစ်အုပ်စု၏ စစ်သင်္ဘော ၆ စီး အပါအဝင် ထောက်ပို့ ရေယာဉ် ၁၇ စီး မတ္တရာသို့ ရောက်ရှိလာ ကနီမြို့နယ်မြောက်ပိုင်းကို နမခ မှ တက်လာသည့် ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်၊ သာသနိက အဆောက်အအုံနှင့် ကျေးရွာခန်းမ ပျက်စီး