PSM (News) ဩဂုတ် ၅ ၊ ၂၀၂၆ အာဆီယံ လူ့အခွင့်အရေး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဒေါ်အောင်ဆန်းစုကြည်အား မကြာသေးမီက သွားရောက်တွေ့ဆုံခဲ့မှုကို နောက်ဆုံးအဆင့်မဟုတ်ဘဲ ပထမအဆင့်ခြေလှမ်းတစ်ရပ်အနေဖြင့်ဩဂုတ်လ ၄ ရက်နေ့က ကြိုဆိုလိုက်သည်။၎င်း၏သားဖြစ်သူ ကင်မ်အာရ်စ်၏ “ပွင့်လင်းမြင်သာမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိရေးနှင့် နောက်ဆုံးတွင် မိခင်ဖြစ်သူ လွတ်မြောက်လာခြင်းတို့၏ အစ” ဖြစ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ထပ်လောင်းအတည်ပြုဖော်ပြလိုက်သည်။ လွတ်လပ်ခွင့် ဆုံးရှုံးနေသူများထံ သွားရောက်သည့် အဖွဲ့အစည်း၏ စံနှုန်းများနှင့် လုပ်ထုံးလုပ်စဉ်များအတိုင်း ICRC ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRCက အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံ၏ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကမူ အဆိုပါကိုယ်စားလှယ်မှာ မြန်မာနိုင်ငံဆိုင်ရာ ICRC ၏ ဌာနေကိုယ်စားလှယ်ဖြစ်သည့် အာနိုး ဒီ ဘက်ခ်ဖြစ်ပြီး နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ဒါပေမဲ့ တစ်ကြိမ်တည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စစ်ဆေးဖို့၊ မိသားစုနဲ့ အဆက်အသွယ်ပြန်လုပ်ပေးဖို့နဲ့ သူ့ရဲ့လွတ်မြောက်မှုကို သေချာစေဖို့အတွက် ပုံမှန်နဲ့ လွတ်လပ်တဲ့ ဝင်ရောက်ခွင့်တွေ ဆက်လက်ရှိလာရပါမယ်။ သူ့ရဲ့လွတ်လပ်ခွင့်ဟာ စစ်အုပ်စုအတွက် နိုင်ငံရေးအရ အပေးအယူလုပ်စရာ လက်နက်တစ်ခု ဖြစ်မသွားရပါဘူး” ဟု ဘာရန့်ဒ်စ်က ဖြည့်စွက်ပြောကြားခဲ့သည်။ ယခု ICRC၏ သွားရောက်တွေ့ဆုံမှုသည် မင်းအောင်လှိုင်၏ ဘန်ကောက်မြို့ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အာနုတင် ချန်ဗီရာကူ နှင့် သြဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ ပြုလုပ်မည့် အစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား ပြုလုပ်ခဲ့သော တရားဝင်မဟုတ်သည့် အစည်းအဝေး၏ နောက်ဆက်တွဲလည်း ဖြစ်သည်။ အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ပါ ကတိကဝတ်များ အကောင်အထည်မပေါ်လာသေးချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တစ်ခုတည်းကို အကြောင်းပြ၍ စစ်အုပ်စု၏ တရားဝင်မှုကို တစတစ ပြန်လည်ဖော်ဆောင်ပေးခြင်းမျိုး လုံးဝမလုပ်ဆောင်သင့်ကြောင်း APHR က သတိပေးလိုက်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုတိုင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသား ၂၂,၀၀၀ ကျော်ကို အမြန်ဆုံးနှင့် အတုအယောင်မရှိ လွှတ်ပေးရန် APHR က အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းလိုက်သည်။ Post navigation ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြနိုင်ရုံဖြင့် မလုံလောက်ဘဲ ချက်ချင်း ပြန်လွှတ်ပေးရန် ဗြိတိန်အစိုးရ တောင်းဆို ရခိုင်တွင် အာဏာလုစစ်အုပ်စုက အရပ်သားများကို ဗုံးကြဲပြီး AA ကို ဖိအားပေးနေ