PSM(News)

ဩဂုတ် ၅၊ ၂၀၂၆

ဥရောပတိုက်တွင် ဖြစ်ပွားနေသော ပြင်းထန်သည့် အပူလှိုင်းနှင့် ရာသီဥတုဒဏ်ကြောင့် ရေအကျဆုံး ဒန်ညုမြစ် ရေကို နျူကလီးယားဓာတ်အားပေးစက်ရုံများဆီသို့ အရေးပေါ် လမ်းကြောင်းပြောင်းလဲပေးနိုင်ရန်အတွက် ရိုမေးနီးယားနိုင်ငံက အထူးစစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

ယခုကဲ့သို့ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရိုမေးနီးယားရေတပ်သည် ဇူလိုင်လ ၃ ရက်နေ့က ဘာလာမြစ်ကြောင်း ရှိ ကျောက်တောင်များကို ကွန်ထရိုစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဤကဲ့သို့ ဖောက်ခွဲရခြင်းမှာ တစ်ခုတည်းသော လည်ပတ်နေသည့် ချာနာဗိုဒါ နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် အအေးခံရေများ လုံလောက်စွာ ရရှိစေရန် ရေလမ်းကြောင်းအသစ်ဆီသို့ ပို့ဆောင်ပေးမည့် ယာယီဆည်တစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ရိုမေးနီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ငါးပုံတစ်ပုံကို ထုတ်လုပ်ပေးနေသည့် နျူကလီးယားဓာတ်အားပေးစက်ရုံနှစ်ခုအနက် တစ်ခုမှာ ပြီးခဲ့သည့်အပတ်ကတည်းက ရေကျဆင်းမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။

အိမ်နီးချင်း ဟန်ဂေရီနိုင်ငံတွင်လည်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးနေသည့် ပါ့ခ်စ် နျူကလီးယားစက်ရုံသည် အလားတူ ရေခေါင်းပါးမှုဒဏ်ကြောင့် စွမ်းရည်အပြည့် မလည်ပတ်နိုင်ဘဲ အရေးပေါ် အနေအထားသို့ ရောက်ရှိနေသည်။

ကိုးကား-Reuters

By Htet Ko