PSM (News) ဩဂုတ် ၅၊ ၂၀၂၆ ဂျကာတာမြို့ရှိ ဆိုကာနိုဟာတား အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးသည် အက်တက်စီ မူးယစ်ဆေးဝါး ၂၆ ကီလိုဂရမ်နှင့် မက်သ်အဖက်တမင်းအနည်းငယ်ကို သယ်ဆောင်လာသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ပြသသည့် ရုပ်သံမှတ်တမ်းများကို အင်ဒိုနီးရှား အာဏာပိုင်များ အင်ဒိုနီးရှား အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ လေယာဉ်အမှုထမ်းများအတွက် သီးသန့်မြန်ဆန်သော လမ်းကြောင်းကို အသုံးပြုခွင့်ရှိသော်လည်း အကောက်ခွန်အရာရှိများက ၎င်းအား ထပ်ဆောင်းစစ်ဆေးမှုများပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ စစ်ဆေးခဲ့ရာမှ ၎င်း၏ ခရီးဆောင်အိတ်အတွင်း ဖွက်နှက်လာခဲ့သည့် အက်တက်စီ ဆေးပြား ၇၀,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထို့ပြင် စုံစမ်းစစ်ဆေးသူများက မူးယစ်ဆေးစစ်ဆေးသည့် ရလဒ်များကို လိမ်လည်ဖန်တီးရာတွင် အသုံးပြုရန် ရည်ရွယ်သည်ဟု ယူဆရသည့် ဆီးဗူးတစ်ဗူးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကိုးကား-CNA Post navigation UEFA မှ FIFA ဥက္ကဋ္ဌ၏ ကမ္ဘာ့ဖလားအမြတ်ငွေ ရောင်းချရေး အစီအစဉ်အပေါ် တရားစွဲဆိုရန် သတိပေး ရိုမေးနီးယားနိုင်ငံတွင် ဒန်ညုမြစ်ရေကျဆင်းမှုကြောင့် နျူကလီးယားဓာတ်အားပေးစက်ရုံသို့ ရေလှည့်ရန် ကျောက်တောင်များကို ဖောက်ခွဲ