PSM(NEWS) ဇူလိုင် ၅၊၂၀၂၆ အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့တွင် ကျင်းပခဲ့သော ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (၁၆) သင်းအဆင့် ပွဲစဉ်၌ ပါရာဂွေးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး ပြင်သစ်အသင်း ကွာတားဖိုင်နယ်သို့ တက်လှမ်းသွားသည်။ ပွဲချိန် မိနစ် ၇၀ တွင် ပြင်သစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပယ်နယ်တီမှတစ်ဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ၎င်းသည် ယခုပြိုင်ပွဲတွင် ၇ ဂိုးမြောက် သွင်းယူခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းယူမှု အများဆုံးစံချိန်ရှင် လီယွန်နယ်မက်ဆီ၏ စံချိန်ကို လိုက်မီရန် တစ်ဂိုးသာ လိုတော့သည်။ ပွဲစဉ်အတွင်း အပူချိန်မှာ ဖာရင်ဟိုက် ၁၀၀ ဒီဂရီ (ဆဲလ်စီးယပ် ၃၈ ဒီဂရီ) ဝန်းကျင်အထိ ရှိခဲ့သဖြင့် ကစားသမားများအတွက် အလွန်ပင်ပန်းခက်ခဲခဲ့သည်။ ပါရာဂွေးအသင်းဘက်မှ ပြင်းထန်သော ကစားပုံများဖြင့် တုံ့ပြန်ခဲ့သော်လည်း ပြင်သစ်တို့က အနိုင်ရရှိခဲ့သည်။ ပွဲအပြီးတွင် ပါရာဂွေးဂိုးသမား အော်လန်ဒိုဂီးလ်က အမ်ဘာပေကို လက်ဆွဲနှုတ်ဆက်ရန် ကြိုးပမ်းခဲ့သော်လည်း အမ်ဘာပေက လျစ်လျူရှုခဲ့ရာမှ ဂိုးသမားက ဒေါသထွက်ပြီး ဘောလုံးဖြင့် ပစ်ပေါက်သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ပြင်သစ်အသင်းသည် လာမည့်ကြာသပတေးနေ့တွင် မော်ရိုကိုအသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ Post navigation မက္ကဆီကိုတွင် ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရသည့် သတင်းထောက်၏ ရုပ်အလောင်းကို အတည်ပြု၊ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ ဗြိတိန်ဝန်ကြီးချုပ် စတာမာ – ၎င်း၏အရိုက်အရာကို ဆက်ခံမည့်သူအနေဖြင့် နိုင်ငံခြားရေးရာကိစ္စရပ်များတွင် အချိန်ပေးရန် လိုအပ်ကြောင်း ပြောကြား