PSM (NEWS) ဇူလိုင် ၄၊ ၂၀၂၆ ၂၀၂၆ခုနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ခရိုအေးရှားအသင်းသည် ပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီး၌ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ အဆိုပါပွဲစဉ်သည် ခရိုအေးရှားအသင်း၏ အဓိက ကစားသမားနှင့် ခေါင်းဆောင်ဖြစ်သူ လူကာ မိုဒရစ်အတွက် ကမ္ဘာ့ဖလားသမိုင်းတွင် နောက်ဆုံးပွဲစဉ် ဖြစ်လာခဲ့သည်။ ပွဲစဉ်အတွင်း မိုဒရစ်သည် အသက် ၄၀ ကျော်အရွယ် ဖြစ်သော်လည်း အစွမ်းကုန် ကြိုးစားကစားခဲ့ပြီး အသင်းဖော်များကို နောက်ဆုံးအချိန်အထိ ဦးဆောင်သွားနိုင်ခဲ့သည်။ ပွဲအပြီးတွင်လည်း ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက မိုဒရစ်အား ပွေ့ဖက်၍ “မင်းဟာ ဘောလုံးလောကရဲ့ ထူးချွန်တဲ့သူပါ” ဟု ချီးကျူးစကား ဆိုခဲ့သည်။ ခရိုအေးရှားနည်းပြ ဇလတ်ကို ဒါလစ်က “ဒါဟာ ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်ပါပဲ” ဟု မှတ်ချက်ပြုခဲ့သည်။ မိုဒရစ်သည် ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း ၂၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ခရိုအေးရှားအသင်းကို ကမ္ဘာ့အဆင့်မီအောင် ပို့ဆောင်ပေးနိုင်ခဲ့သည့်အတွက် ဘောလုံးသမိုင်းတွင် အံ့ဖွယ်လူသားတစ်ဦးအဖြစ် ထာဝရ မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ကိုးကား-The Independent Post navigation ခရစ်စတီယာနို ရော်နယ်ဒို သည် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် ပထမဆုံးဂိုး သွင်းယူကာ အသင်းဖော်ဟောင်း၏ စံချိန်ကို ချိုးဖျက်ခဲ့ ဟိုင်နန်ကျွန်းသို့ မေဆက် အပူပိုင်းမုန်တိုင်း ဝင်ရောက်၊ လေကြောင်းနှင့် ရေကြောင်းခရီးစဉ်များ ရပ်နား