PSM(News) ဇွန် ၄၊ ၂၀၂၆ မကွေးတိုင်းစစ်ဌာနအတွင်း ပြီးခဲ့သည့် မေလနှင့် ဇွန်လပထမပတ်အတွင်း အာဏာလုစစ်အုပ်စုတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအကြား တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ထက်မနည်း ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပွားရာတွင် စစ်အုပ်စုဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် စုစုပေါင်း သုံ့ပန်း ၁၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ဇွန် ၄ ရက်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်သည်။ မကွေးတိုင်းအတွင်း ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးကာလအတွင်း အာဏာလုစစ်အုပ်စုတပ်မှ တပ်သား ၃၁ ဦး သေဆုံးကာ ၅၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သရက်ခရိုင်တပ်ရင်း (၃) ၏ နယ်မြေရှင်းလင်းရေး ထိတွေ့တိုက်ပွဲအတွင်း ခမရ-၅၉၉ မှ စစ်အုပ်စု အရာရှိများဖြစ်ကြသည့် ဗိုလ်မှူးအောင်ဖြိုးဝေ နှင့် ဗိုလ်ကြီးပြည့်စုံအောင် တို့ကို သုံ့ပန်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့မိခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနှင့် ဖုန်း ၃ လုံးတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇွန် ၃ ရက်နေ့ကလည်း မင်းတုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စု တပ်ကို သရက်ခရိုင်တပ်ရင်း (၄) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်သား ၁၅ ဦးကို သုံ့ပန်းအဖြစ် ထပ်မံဖမ်းဆီးရမိခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့သည်။ ယင်းမတိုင်းမီ မေ ၂၉ ရက်နေ့ကလည်း နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးနိုင်ခဲ့ ကြောင်း PDF က ဆိုသည်။ မေလ ၂၂ ရက်နေ့တွင်လည်း မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ ချောက်မြို့ရှိ ကပစ -၂၁ သို့ ထွက်ခွာလာသည့် စစ်ယာဉ် ငါး စီးပါ ယာဉ်တန်းကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းများက လက်နက်ငယ်များဖြင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရုံးချုပ်၏ ထုတ်ပြန်ချက် အရသိရသည်။ ထို့အတူ မေလ ၂၆ ရက်နေ့တွင်လည်း ဆိပ်ဖြူမြို့မှတစ်ဆင့် ကပစ-၂၁ သို့ အင်အားဖြည့်တင်းရန် ဦးတည်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုပိုင်ယာဉ် နှစ် စီး ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ယင်းနေ့တွင်ပင် ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ ထွက်ခွာလာသော စစ်အုပ်စု၏ ခဲယမ်း သယ်ဆောင်သည့် ယာဉ် နှစ် စီးကိုလည်း PDF တပ်ရင်းများက ထပ်မံ ခြုံခိုတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ မေလစတုတ္ထပတ်အတွင်း ပုံတောင်တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အင်အား ၁,၀၀၀ ခန့်ရှိ အာဏာလုစစ်အုပ်စု၏ စစ်ကြောင်းများနှင့် ၎င်းတို့၏ ယာယီအထိုင်စခန်းများကိုလည်း PDF က ထိရောက်စွာ ကြားဖြတ် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အာဏာလုစစ်အုပ်စုအား စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တတ်စွမ်းသရွေ့ ဆက်လက်ကူညီဖေးမပေးကြပါရန် PDF က မေတ္တာရပ်ခံထားသည်။ ဓာတ်ပုံ-PDF Post navigation မြစ်ခြေတွင် အာဏာလုစစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့က နေအိမ် ၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၃၀ ကျော်ကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် အာဏာလု အစိုးရ စစ်တပ်ကို ချင်းပူးပေါင်းတပ်ဖွဲ့များ ဟန့်တားထားနိုင်