PSM(News)
ဖေဖော်ဝါရီ ၄၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း၍ တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားကြသည့် အာဇာနည်ရဲဘော်များအတွက် နိုင်ငံတော်အဆင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည့် အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး၊ ရဲဘော်များအား ရည်စူး၍ အမျှအတန်းပေးဝေခြင်း၊ တရားနာယူခြင်းနှင့် ကုသိုလ်ပြု ထမင်းဟင်းကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကျန်ရှိနေသော မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းမှ ရဲဘော်များကလည်း ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်သတိရလျက် ပြည်သူ့ခုခံတော်လှန်စစ်အောင်မြင်သည်အထိ မလျော့သော ဇွဲလုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာဓိဋ္ဌာန်ပြုခဲ့ကြသည်။

“ရဲဘော်တို့ရဲ့ အမြင့်ဆုံးသော စွန့်လွှတ်မှုကို ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရသလို၊ ဘယ်တော့မှလည်း မေ့ပျောက်မှာမဟုတ်ဘူး” ဟု တပ်ရင်းတာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ – မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်း

မော်လိုက်

ဖောင်းပြင်

PDF

ဂုဏ်ပြုမှတ်တမ်း

ကျဆုံးရဲဘော်များ

အရေးတော်ပုံအောင်ရမည်

PSM_News

By Htet Ko