PSM(News)ဖေဖော်ဝါရီ ၄၊ ၂၀၂၆ စစ်တပ်က မတရားအာဏာသိမ်းသည့် ၅ နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကိုင်း တိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စွဲထားရာ နေရာများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ရှိ စစ်ကော်မရှင် တပ်စွဲထားသော တိုင်းရင်းဆေးရုံကို ဒရုန်းဖြင့် ဗုံးသီး သုံး လုံး ချ၍ တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ထိုနေ့ ညနေ ၇ နာရီခန့်တွင်လည်း ရေဦးမြို့ရှိ “ကြာဖူးအဝိုင်း” စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး သုံးလုံး ချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်သည် လက်နက်ကြီး သုံး ကြိမ် အပါအဝင် လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ရေဦးမြို့နယ် PDF ရဲဘော်များမှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(YEU Freedom Comrades – YFC) သည် စစ်အုပ်စုကို ဆက်လက် တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ပြီး “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဟု ၎င်းတို့၏ ရပ်တည် ချက်ကို ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-YFC ရေဦး စစ်ကိုင်းတိုင်း ဒရုန်းတိုက်ခိုက်မှု YFC PDF အာဏာသိမ်း၅နှစ်ပြည့် PSM_News Post navigation မင်းလှတွင် စစ်ကောင်မရှင် စစ်ကြောင်းကို USBA က အနီးကပ် ခြုံခိုတိုက်ခိုက်၊ စစ်ကား တစ်စီးလုံး ပြန်မပစ်နိုင်သည်အထိ ချေမှုန်းခံရပြီး စစ်သား ၂၀ ထက်မနည်း သေဆုံးနိုင် မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းမှ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေများ ပေးအပ်