PSM(News) ဇန်နဝါရီ ၃၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် တပ်စွဲထားသော စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက် ဦး သေဆုံးကြောင်း လင်းယုန်ညီနောင်ပြောက်ကျား တပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကိုင်းတက္ကသိုလ်ဝင်းရှေ့ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဂိတ်အနီးရှိ ပြည်သူပိုင် သုံးထပ်တိုက် တစ်ခုတွင် အဓမ္မကျူးကျော်ဝင်ရောက်နေထိုင်နေကြပြီး တပ်သား ၁၅ ဦးခန့်မှာ အဆိုပါတိုက်၏ အပေါ်ဆုံးထပ် လသာဆောင်တွင် အရက်သေစာသောက်စားနေစဉ် တော်လှန်ရေးတပ်များက ဂိတ်ဘန်ကာအတွင်းရှိ တပ်သားများကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ခြောက် ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကိုင်းတပ်မ (၃၃) နှင့် စစ်ကိုင်းခရိုင်ချင်းဆက်လမ်း (စာရေးလမ်းခွဲ) တွင် တပ်စွဲထားသော စစ်ကော်မရှင်ဂိတ်များမှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ် ခဲ့ကြောင်း သိရသည်။ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) အနေဖြင့် မကြာမီအချိန်အတွင်း စစ်ဆင်ရေးတစ်ခု ထပ်မံဖော်ဆောင်ရန်ရှိနေပြီး ပူးပေါင်းလက်တွဲလိုသည့် မဟာမိတ်အဖွဲ့များကိုလည်း ကြိုဆိုကြောင်း အသိပေးထားသည်။ #စစ်ကိုင်း #စစ်ကိုင်းတက္ကသိုလ် #လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ #စစ်ကော်မရှင် #PSM_News Post navigation ၅ နှစ်ကြာ စစ်အာဏာသိမ်းမှုက ပြည်သူ့စိတ်ဓာတ်ကို မချိုးနှိမ်နိုင်၊ နိုင်ငံတကာအစိုးရများ အနေဖြင့် စစ်ရာဇဝတ်ဂိုဏ်းကို အမြစ်ဖြတ်ရန် JFM တိုက်တွန်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု ဗြိတိန်နှင့် ဆွစ်ဇာလန် ထုတ်ပြန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်း