PSM (News)

ဩဂုတ် ၃၊၂၀၂၆

ကနေဒါနိုင်ငံ၏ ဒုတိယအကြီးဆုံး လေကြောင်းလိုင်းဖြစ်သော WestJetမှ လေယာဉ်မယ်နှင့် လေယာဉ်ဝန်ထမ်းများမှာ သီးသန့်သဘောတူညီချက် မရရှိခဲ့ခြင်းကြောင့် တနင်္ဂနွေနေ့တွင် သပိတ်မှောက်ခဲ့ကြပြီး နွေရာသီခရီးသွားလာသည့် ရာသီချိန်အတွင်း ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် ရှိနေစဉ်ကာလအတွက်သာ အဓိကလုပ်ခလစာပေးချေသည့် လက်ရှိစနစ်ကို ပြောင်းလဲပေးရန်နှင့် လေယာဉ်ပေါ်သို့ စတင်ဝင်ရောက်ချိန်မှစ၍ တာဝန်သိမ်းချိန်အထိ (check-in to clock-out) အချိန်ပြည့်လုပ်ခလစာပေးချေရန် လေယာဉ်ဝန်ထမ်းများက တောင်းဆိုထားသည်။

သပိတ်မှောက်မှုကြောင့် တနင်္ဂနွေနေ့ညအထိ လေယာဉ်ခရီးစဉ် ၃၀၉ ခု ကို ဖျက်သိမ်းခဲ့ရသည်။

ထိခိုက်ခံစားရသည့် ခရီးသည်များအတွက် ငွေပြန်အမ်းပေးခြင်း သို့မဟုတ် အခြားခရီးစဉ်များဖြင့် ပြန်လည်စီစဉ်ပေးမည်ဖြစ်ကြောင်းWestJetလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။

By Htet Ko