PSM (News)

ဩဂုတ် ၂၊၂၀၂၆

ထိုင်းနိုင်ငံ၊အယုဒ္ဓယတွင် လယ်သမားတစ်ဦး မောင်းနှင်လာသည့် ထွန်စက် ရေတူးမြောင်းထဲသို့ တိမ်းမှောက်ခဲ့ပြီး ယာဉ်အောက်တွင် ညပ်မိကာစနေနေ့က အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၆၁ နှစ်အရွယ် လယ်သမားသည် နေ့လယ်စာစားချိန် အိမ်သို့ ပုံမှန်အတိုင်း ပြန်မလာသဖြင့် မိသားစုဝင်များက စတင်ရှာဖွေခဲ့ကြရာ ၎င်း၏ဇနီးဖြစ်သူက ရေတူးမြောင်းအတွင်း နစ်မြုပ်နေသော ထွန်စက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လယ်ကွင်းဆီသို့ ဦးတည်မောင်းနှင်လာစဉ် ကွေ့တစ်ခုအရောက်တွင် ယာဉ်ထိန်းချုပ်မှု လွတ်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ကိုးကား-Khaosod

By Htet Ko