PSM (News) ဩဂုတ် ၃၊၂၀၂၆ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်အတွင်း တောမီးလောင်ကျွမ်းမှုဧရိယာ ၂၅၀,၀၀၀ ကျော် ပျံ့နှံ့လာခြင်းကြောင့် စပိုကန် မြို့အပါအဝင် ဒေသအနှံ့အပြားတွင် လူများကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက စနေနေ့ညပိုင်းတွင် ပြောကြားခဲ့သည်။ ဝါရှင်တန်ပြည်နယ်တစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုဧရိယာ စုစုပေါင်း ၂၅၀,၀၀၀ ကျော်ရှိလာပြီး ယခုနှစ်နွေရာသီအတွင်း စုစုပေါင်းဧရိယာ ၄၅၀,၀၀၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီးဖြစ်သည်။ ပြည်နယ်တွင်း အရေးပေါ်အခြေအနေနှင့် မီးရှို့ခွင့်ကန့်သတ်ချက်ကို အုပ်ချုပ်ရေးမှူး ဘော့ဖာဂူဆန် က စနေနေ့နံနက်ပိုင်းတွင်ထုတ်ပြန်ကြေညာခဲ့သည်။ စပိုကန်မြို့တွင် အိုးအိမ်အဆောက်အအုံများအပြင် ရေဆိုးသန့်စင်စက်ရုံ၊ စွန့်ပစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံနှင့် ဆေးရုံတို့ကိုပါ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ အရှေ့ပိုင်းဝါရှင်တန်ဒေသကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် Avistaကုမ္ပဏီ၏ စာရင်းများအရ လူပေါင်း ၆၀,၀၀၀ ကျော် မီးပြတ်တောက်မှုကို ခံစားနေရသည်။ ကိုးကား-Reuters Post navigation WestJet လေကြောင်းလိုင်း၏ လေယာဉ်ဝန်ထမ်းများ သပိတ်မှောက်မှုကြောင့် ခရီးစဉ်များ ရပ်ဆိုင်း ပီရူးနိုင်ငံ နက်ဇ်ကာ ရှေးဟောင်းနယ်မြေပေါ်တွင် ခရီးသည်တင် လေယာဉ်ငယ် ပျက်ကျမှုကြောင့် ၁၃ ဦး သေဆုံး