PSM(News) ဩဂုတ် ၃၊ ၂၀၂၆ အင်းလေးဒေသအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (အမှတ် ၁၀၀၉ တပ်ရင်း) မှ ရဲဘော်ဟောင်းတစ်ဦးသည် ပျူစောထီးများနှင့် ပူးပေါင်း၍ တပ်ဖွဲ့နှင့် မသက်ဆိုင်သူများအား အာဏာလုစစ်တပ်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တွင် လက်နက်ချသည့် ပုံစံပြုလုပ်ရန် မသမာသော ပူးပေါင်းကြံစည်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ကြောင့် သာလေးကျေးရွာအုပ်စု၊ ချောင်းဆုံရွာနေ ရဲဘော်ဟောင်း ရဲဇော်ထက် (ခ) မိုက်ခဲကို “တော်လှန်ရေး သစ္စာဖောက်” အဖြစ် ကြေညာကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ဩဂုတ် ၁ ရက်နေ့စွဲဖြင့် အရေးပေါ်သတိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ရဲဘော်သည် တော်လှန်ရေး သစ္စာကို ဖျက်ဆီးကာ အင်းပေါခုံရွာမှ ပျူစောထီးများဖြစ်ကြသော ဇော်လတ်၊ ညီညီထွန်း (ခ) ဖိုးသာထူး တို့နှင့် ပူးပေါင်း၍ အာဏာလုစစ်တပ်၏ ရပခ စစ်ဌာနချုပ်တွင် တပ်ဖွဲ့နှင့် မသက်ဆိုင်သည့် ပြည်သူများကို လက်နက်ချပြခိုင်းသည့် အကွက်ဆင် မသမာမှုများ ပြုလုပ်ရန် ကြံစည်နေသည်ကို အခိုင်အမာ စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် သစ္စာဖောက် ရဲဇော်ထက် (ခ) မိုက်ခဲ နှင့် ဆက်စပ်ပတ်သက်သူများ၊ ကူညီအားပေးသူများ အားလုံးကိုလည်း မိမိတို့ တပ်ရင်းမှ အပြင်းထန်ဆုံး နည်းလမ်းများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (အမှတ် ၁၀၀၉ တပ်ရင်း) က အသိပေးထားသည်။ ပုံစာ-လက်နက်ချခိုင်းရန် ပူးပေါင်းကြံစည်သည့် ရဲဘော်ဟောင်း ရဲဇော်ထက် (ခ) မိုက်ခဲ Post navigation ICRC နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် ၅ နှစ်အတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုဟု ကိုထိန်လင်းဆို၊ မိခင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဆက်လက်တောင်းဆို အိန္ဒိယတွင် အာဏာလုစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံရာတွင် အဓိက တာဝန်ရှိသည့် CNDF ဥက္ကဋ္ဌ John David ကို ရာထူးမှ ထုတ်ပယ်