PSM(News)ဖေဖော်ဝါရီ ၃၊ ၂၀၂၆ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် စစ်ရာဇဝတ် မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် “တရားဝင်မှု” ရှာဖွေခြင်းသာဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က အစီရင်ခံစာ ခုတ်ပြန်၍ သတိပေးလိုက်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်သည့် “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း (Looking Back on 2025)” အစီရင်ခံစာတွင် WLB မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် မီးငယ်က “ဒီအတုအယောင် ရွေးကောက်ပွဲ ကတစ်ဆင့် စစ်အာဏာရှင်ဟာ သူတို့အာဏာတည်မြဲဖို့ ကြိုးပမ်းပြီး နိုင်ငံတစ်ဝှမ်းမှာ စစ်ရေးထိုးစစ် တွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်သွားမှာ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း လိင်နှင့်ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) အမှုပေါင်း ၂၀၉ မှုကို WLB အနေဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ၎င်းတို့အနက် အိမ်တွင်းအကြမ်းဖက်မှု ၁၄၅ မှုနှင့် မုဒိမ်းမှု ၂၈ မှုအထိ ပါဝင်နေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ WLB သည် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) စုစုပေါင်း ၅၄,၃၁၁ ဦးကို ကူညီနိုင်ခဲ့ကာ ၃၁,၃၈၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ခဲ့ရသူ ၁၀,၂၀၂ ဦးအား အရေးပေါ်အကူအညီများ ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသည့် အမျိုးသမီး ၁,၂၁၂ ဦးအား ပံ့ပိုးကူညီခဲ့ပြီး အမျိုး သမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၃၁၀ ဦးအား ဘေးကင်းလုံခြုံရေးနှင့် အရင်းအမြစ်များ ပံ့ပိုးပေးနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ လက်နက်ရောင်းချမှုများ ရပ်တန့်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအတွက် “ပြစ်ဒဏ် ကင်းလွတ်ခွင့်” ရနေခြင်းကို အဆုံးသတ်ရန်တို့ကိုလည်း WLB က တောင်းဆိုထားသည်။ “နိုင်ငံတကာရဲ့ ခိုင်မာပြတ်သားတဲ့ လုပ်ဆောင်မှုတွေနဲ့ ရေရှည်ပံ့ပိုးမှုတွေ မရှိရင်တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အကျပ်အတည်းဟာ ပိုပြီးဆိုးရွားလာမှာဖြစ်ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေက ပြင်းထန်တဲ့ အကျိုးဆက်တွေကို ဆက်ခံစားရမှာ ဖြစ်တယ်” ဟု WLB မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဖိုးဒါးက သတိပေးပြောကြားထားသည်။ WLB အနေဖြင့် လက်ရှိရင်ဆိုင်နေရသော လုံခြုံရေးအန္တရာယ်နှင့် ဘဏ္ဍာရေး အခက်အခဲများကြားမှ မြေပြင်တွင် အမျိုးသမီးများနှင့် အရပ်သားပြည်သူများအတွက် ဆက်လက်လှုပ်ရှားသွားမည် ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။ WLB အမျိုးသမီးများအဖွဲ့ချုပ် ၂၀၂၅လည်ပြန်ကြည့်ခြင်း စစ်ရာဇဝတ်မှု အတုအယောင်ရွေးကောက်ပွဲ PSM_News Post navigation ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကော်မရှင်ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုများဖြင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စတေးတွင် တရားစွဲဆို မင်းလှတွင် စစ်ကောင်မရှင် စစ်ကြောင်းကို USBA က အနီးကပ် ခြုံခိုတိုက်ခိုက်၊ စစ်ကား တစ်စီးလုံး ပြန်မပစ်နိုင်သည်အထိ ချေမှုန်းခံရပြီး စစ်သား ၂၀ ထက်မနည်း သေဆုံးနိုင်