PSM(NEWS)ဖေဖော်ဝါရီ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲသည် နိုင်ငံပေါင်း (၂၀) မှ စစ်သံမှူးများနှင့် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) မှ အရာရှိများကို ဦးဆောင်၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်သည်ဟု သံသယရှိသော စခန်းများကို ဖေဖော်ဝါရီလ၃ရက်ေန့တွင် သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါစခန်းများသည် ကမ္ဘာတစ်ဝန်းရှိ သားကောင်များကို ပစ်မှတ်ထား၍ နယ်စပ်ဖြတ်ကျော် ငွေလိမ်လည်မှုများ ကျူးလွန်နေကြောင်း ခိုင်လုံသော သက်သေအထောက်အထားများစွာ ရရှိထားသည်ဟု ထိုင်းအရာရှိများက ကိုးကားပြောဆိုခဲ့သည်။ အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နယ်စပ်ဒေသရှိ သံသယဖြစ်ဖွယ် အဆောက်အအုံများနှင့် လုပ်ငန်းလည်ပတ်ပုံများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယခုလုပ်ဆောင်ချက်သည် ဒေသတွင်း၌ အမြစ်တွယ်နေသော ဆိုက်ဘာရာဇဝတ်မှုများကို အမြစ်ပြတ်ချေမှုန်းရန်နှင့် နိုင်ငံတကာအဆင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကိုးကား Khaosod ထိုင်း-ကမ္ဘောဒီးယား အွန်လိုင်းငွေလိမ်ဂိုဏ်း FBI_ပူးပေါင်းစစ်ဆေး ထိုင်းအရာရှိများ PSM_News Post navigation ယူကရိန်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ချထားမည့်အစီအစဉ်ကို ရုရှား လက်ခံမည်မဟုတ်ဟု မက်ဗီဒက်ဗ် သတိပေး ပြင်သစ်ရဲတပ်ဖွဲ့က X ရုံးခန်းကို ဝင်ရောက်ရှာဖွေ၊ပဲရစ်အစိုးရရှေ့နေရုံးကအီလွန်မတ်စ်အား ဆင့်ခေါ်