PSM(NEWS)
ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆

ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအာမခံချက်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(NATO) အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များကို ယူကရိန်းမြေပေါ်တွင် တပ်ဖြန့်ချထားရန် ဥရောပအင်အားကြီးနိုင်ငံများ၏ အဆိုပြုချက်သည် ရုရှားအတွက် လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ပြောကြားလိုက်သည်။

“ရန်လိုတဲ့ NATOအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ အခြေစိုက်နေမယ်ဆိုရင် ဘယ်လိုမျိုး လုံခြုံရေးအာမခံချက်အကြောင်းကို ဆွေးနွေးလို့ ရနိုင်မှာလဲ” ဟု မက်ဗီဒက်ဗ်က ဖေဖော်ဝါရီ ၂ ရက် တွင် ရိုက်တာ၊ TASS သတင်းဌာနနှင့် WarGonzo ဘလော့ဂါတို့အား ဖြေကြားခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်အတွက် ရုရှား၏ သတ်မှတ်ချက်များသည် ပြောင်းလဲခြင်းမရှိကြောင်းနှင့် ယူကရိန်းမြေပေါ်တွင် မည်သည့်နိုင်ငံခြားတပ်ဖွဲ့ဝင်များ ရှိနေခြင်းကိုမဆို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ပြီး ၎င်းတို့ကို တရားဝင်စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းသတိပေးခဲ့သည်။

ကိုးကား The Economic Times

ယူကရိန်း

နေတိုးတပ်ဖွဲ့ဝင်

လုံခြုံရေးအာမခံချက်

ငြိမ်းချမ်းရေးသဘောတူညီချက်

ရုရှား

လက်ခံမည်မဟုတ်

PSM_News

By Htet Ko