PSM (News)

ဇူလိုင် ၂၉၊ ၂၀၂၆

လာမည့်စက်တင်ဘာလတွင် Appleကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) ရာထူးကို တာဝန်ယူတော့မည့် Hard Wate ဌာန အကြီးအကဲ ဂျွန်တာနပ်စ်က ဖျော်ဖြေရေးလုပ်ငန်းများ၌ ကုမ္ပဏီ၏ အောင်မြင်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်ကတည်းက Apple TV Stream App မှတစ်ဆင့် မူရင်းတီဗီစီးရီးများနှင့် ရုပ်ရှင်များကို စတင်ထုတ်လွှင့်ခဲ့ပြီး “CODA”၊ “F1”၊ “The Studio” နှင့် “Ted Lasso” ကဲ့သို့သော အောင်မြင်သည့် ဇာတ်လမ်းတွဲများကို တင်ဆက်နိုင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်အတွင်း ဝန်ဆောင်မှုအမည်ကို Apple TVဟု ပြောင်းလဲခဲ့သည်။

လက်ရှိအမှုဆောင်အရာရှိချုပ် တင်မ်ကုခ်ကလည်း အက်ပဲလ်သည် အရေအတွက်ထက် အကောင်းဆုံးဖြစ်မှုကိုသာ ဦးတည်ကြောင်းနှင့် Formula 1 ကဲ့သို့ သီးသန့်ကျွမ်းကျင်မှုများဖြင့် အနာဂတ်တွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-Reuters

By Htet Ko