PSM (News)

ဇူလိုင် ၂၉၊ ၂၀၂၆

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ပေးရန် မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ပြည်သူ့ညီလာခန်းမကြီးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သုံးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော ဆလိုဗက်ကီးယား သမ္မတ ပီတာ ပယ်လီဂြီနီတို့ တွေ့ဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းရာတွင် တန်းတူညီမျှစွာ ညှိနှိုင်းဆွေးနွေးကြရန်နှင့် အဓိကအားဖြင့် သဘောထားကွဲလွဲမှုများကို ဖယ်ရှား၍ ဘုံတူညီချက်များကို ရှာဖွေဖော်ထုတ်ရန် အရေးကြီးကြောင်း သမ္မတ ရှီကျင့်ဖုန်က တိုက်တွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြထားသည်။

ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆလိုဗက်ကီးယားနိုင်ငံနှင့်အတူ သန့်ရှင်းစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စက်ရုပ်ထုတ်လုပ်ရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော ထွန်းသစ်စစက်မှုလုပ်ငန်းများနှင့် နယ်ပယ်သစ်များတွင် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုးကား-Reuters

By Htet Ko