PSM (NEWS) ဇွန်၂၉ ၊၂၀၂၆ ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်မှာ စနေနေ့တွင် ၁,၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး၊ ထိခိုက်မှုအများဆုံးဖြစ်ပွားခဲ့သည့် ကမ်းရိုးတန်းဒေသများတွင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သား ၁,၆၀၀ ကျော် ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ်အဖွဲ့များလည်း ထပ်မံရောက်ရှိလာရန် ရှိနေသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခင်က ကတိပြုထားသည့် ဒေါ်လာ ၁၅၀ သန်းအပြင် နောက်ထပ် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ကူညီထောက်ပံ့မှုများကိုလည်း တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ကြေညာသွားရန် ရှိကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လာဂူအိုင်ရာဒေသတွင် အာဏာပိုင်များက ဝင်ထွက်သွားလာခွင့်များကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ကယ်ဆယ်ရေးယာဉ်များ အနှောင့်အယှက်မရှိ သွားလာနိုင်စေရန် စီစဉ်ဆောင်ရွက်နေသည်။ ထို့ပြင် အမေရိကန်ဘူမိဗေဒတိုင်းတာေရးဌာန (US Geological Survey) ၏ ခန့်မှန်းချက်များအရ အဆိုပါ ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက် ၁၀,၀၀၀ အထိ ရှိလာနိုင်ခြေရှိကြောင်း စိုးရိမ်လျက်ရှိသည်။ အတိုက်အခံအဖွဲ့၏ ဝဘ်ဆိုဒ်တွင် ပျောက်ဆုံးနေသူ ၅၅,၀၀၀ ကျော်အထိ စာရင်းပြုစုထားပြီး၊ ဒေသခံပြည်သူအများစုမှာလည်း ငလျင်လှုပ်ခတ်ပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် နေအိမ်ပြင်ပ လမ်းမများပေါ်တွင်သာ ညအိပ်နေထိုင်နေကြရသည်။ ကိုးကား-Reuters Post navigation သြစတြီးယားနှင့် အယ်လ်ဂျီးရီးယားတို့ အချိန်ပိုတွင် ဂိုးများ အပြန်အလှန်သွင်းယူကာ ကမ္ဘာ့ဖလားတွင် စိတ်လှုပ်ရှားဖွယ် ၃-၃ သရေဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက် ယူဂန်ဒါစစ်ဦးစီးချုပ်က ထိပ်တန်းမီဒီယာနှစ်ခုကို ပိတ်ပစ်ရန် အမိန့်ပေး