PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဒိန်းမတ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ကို ယူရို ၂.၉ သန်း (ဒိန်းမတ်ခရိုနာ ၂၁.၇ သန်း) ပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါ ရန်ပုံငွေများကို မြန်မာနိုင်ငံ အတွင်းရှိ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာနေထိုင်ရသူများအား ကူညီထောက်ပံ့ပေးရန် အသုံးပြုသွားမည်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် ပူးပေါင်းကာ အကူအညီအလိုအပ်ဆုံးသူများထံသို့ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ရောက်ရှိနိုင်ရေးအတွက် ဆက်လက်ကူညီသွားရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။ #PSM_News #ဒိန်းမတ် #လူသားချင်းစာနာမှုအကူအညီ #MHF #UNOCHA #မြန်မာနိုင်ငံ #နေရပ်စွန့်ခွာသူ Post navigation အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် ကတိကဝတ်ပြု မယ်စဲ့အကျဉ်းထောင်ဖောက်မှုအတွက် IEC တောင်းပန်၊ ပူးပေါင်းပါဝင်သည့် ထောင်ဝန်ထမ်း ၂ ဦးကို တရားစွဲဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်