PSM(News) ဇန်နဝါရီ ၂၉၊၂၀၂၆ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ကို တော်လှန်ရေးအင်အားစုများက ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.F.B.F) က ထုတ်ပြန်ထားသည်။ လောင်းလုံမြို့မရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဗုံးသီးများဖြင့် သုံးကြိမ် တိုင်တိုင် ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်တွင် စရဖရုံးကိုပါ ဗုံးသီးနှစ်လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကော်မရှင်ဘက်မှ ဒုရဲအုပ် တစ်ဦးအပါအဝင် ခြောက် ဦး သေဆုံးခဲ့ သည့်အပြင် အများအပြား ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာပြင်းထန်သူများကို ညတွင်းချင်းပင် မော်တော်ယာဉ် နှင့် စီးဖြင့် ထားဝယ်မြို့သို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.F.B.F) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဟန့်တားရန်အတွက် ဒရုန်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-L.L.F.B.F #လောင်းလုံး #ရဲစခန်း #စရဖ #PSM_News Post navigation မဟာမိတ်တပ်ဖွဲ့ပေါင်းစုံ တက်ရောက်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ် အပတ်စဉ်-၄ အထူးမွမ်းမံ စစ်သင်တန်းဆင်းပွဲ ကျင်းပ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် ကတိကဝတ်ပြု