PSM(News)

ဇန်နဝါရီ ၂၉၊ ၂၀၂၆

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်သည့် အပတ်စဉ် (၄) အခြေခံအထူးမွမ်းမံ စစ်သင် တန်းဆင်းပွဲ အခမ်းအနားကို ,refaeh ဇန်နဝါရီ ၂၈ ရက်u ၎င်းတို့၏ တပ်ရင်းဌာနချုပ်၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းသည် MSRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) တို့မှ ထောက်ပို့ တပ်သားများနှင့် အရာရှိများကို စစ်ရေးစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြား ပေးသော အထူးမွမ်းမံသင်တန်းဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ကသုမွန်၊ MSRF တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုနှင့် MSRF ဒု-တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန်တို့က သင်တန်းဆင်းရဲဘော်များကို အမှာစကားများ ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ် (YGF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ အမှတ် (၁၈၁၅) မော်လီကျူး ဒရုန်း တပ်ရင်း နှင့် Nonentity Coach တို့မှ တာဝန်ရှိသူများနှင့် ရဲဘော်များ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-MSRF

#PSM_News

#မွန်ပြည်နယ်

#MSRF

#နည်းဗျူဟာ၃၃

#သင်တန်းဆင်းပွဲ

By Htet Ko